DVB Logo
Home
မြန်မာသတင်း
ဧရာဝတီကမ်းလွန်လုပ်ကွက်မှ ဓာတ်ငွေ့ တနေ့ကို ကုဗပေ သန်း ၅၀ ထုတ်နိုင်ဟု စမ်းသပ်တွေ့ရှိ
DVB
·
August 7, 2017
ဧရာဝတီကမ်းလွန်လုပ်ကွက်မှ ဓာတ်ငွေ့ တနေ့ကို ကုဗပေ သန်း ၅၀ ထုတ်နိုင်ဟု စမ်းသပ်တွေ့ရှိ
Donate to DVB

 

မြန်မာနိုင်ငံ အနောက်ဘက် ကမ်းလွန်က ဇွန်လ ၁၅ ရက်နေ့က စတွေ့ခဲ့ပြီးနောက် မီတာ ၄၅၀၀ ကျော်အထိ တူးဖော်ခဲ့တဲ့ ကမ်းလွန်လုပ်ကွက်အမှတ် A(6) ဟာ သဘာဝဓာတ်ငွေ့ တနေ့ကို ကုဗပေသန်း ၅၀ နှုန်း ထုတ်ယူနိုင်တယ်လို့ စမ်းသပ်တွေ့ရှိခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ဒီအမှတ် A(6) က  အကဲဖြတ်တွင်း ပြည်သစ် ၁ ကို တူးဖော်နေတဲ့  တွင်းတူးစက်နေရာကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နဲ့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီတို့ မနေ့က သွားရောက်စစ်ဆေးခဲ့ပါတယ်။

အကဲဖြတ်တွင်း ပြည်သစ်(၁)ကို လုပ်ကွက်A(6)ရဲ့ တတိယမြောက်တွင်း အဖြစ် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရဲ့ အနောက်မြောက်ဘက် ကီလိုမီတာ ၉၀ ခန့်အကွာ ကမ်းလွန်ပင်လယ်ပြင်တွင် ရေအနက် မီတာ ၂ ထောင်လောက်မှာ တူးဖော်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့ကမ်းလွန် လုပ်ကွက်အမှတ် A(6)ကို  MPRL E&P ကုမ္ပဏီက ရင်းနှီး မြှုပ်နှံမှု ၂၀ ရာခိုင်နှုန်း၊ သြစတြေးလျနိုင်ငံ Woodside Energy (Myanmar) Pte.,Ltd က ၄၀ ရာခိုင်နှုန်း၊ ပြင်သစ်နိုင်ငံ Total E & P Myanmar ကုမ္ပဏီက ၄၀ ရာခိုင်နှုန်း အချိုးကျ ပါဝင်ကာ ရှာဖွေတူးဖော်ခြင်း လုပ်ငန်းများကို အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013