DVB Logo
Home
မြန်မာသတင်း
သစ်တောထဲလည်ပတ်သည့် စုံတွဲ၏ ကားကို တံခါးဖွင့်ရန်ကြိုးစားသည့် ဝက်ဝံကြီး (ရုပ်သံ)
DVB
·
August 6, 2017
သစ်တောထဲလည်ပတ်သည့် စုံတွဲ၏ ကားကို တံခါးဖွင့်ရန်ကြိုးစားသည့် ဝက်ဝံကြီး (ရုပ်သံ)
Donate to DVB

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ရန်ချိုဆန်ဂျိုကွင်း သစ်တောကို ကြည့်ရှု့ဖို့ လာတဲ့ သက်ကြီးစုံတွဲရဲ့ကားတံခါးကို အညိုရောင်ဝက်ဝံကြီးက ဖွင့်ခဲ့တဲ့ အထိတ်တလန့်ဖြစ်စရာ ရုပ်သံ ထွက်ပေါ်လာပါတယ်။


ရုပ်သံအတိုထဲမှာ ဝက်ဝံကြီးက အဖြူရောင်ကားနား လျှောက်လာပြီး ကားမောင်းသူဖက်ခြမ်းက တံခါးကို ချည်းကပ်နေတာ တွေ့ရပါတယ်။


အစပိုင်းမှာ ကားမောင်းနေသူနဲ့ သူ့ရဲ့အဖော်က ဝက်ဝံကြီးရှိနေတာကို ဘယ်လိုမှ မနေပေမယ့် ဝက်ဝံကြီးက ကားတံခါးဖွင့်ချိန်မှာတော့ သူတို့ ၂ ဦး ထိတ်လန့်သွားကြပါတယ်။


ရုပ်သံကို အခြားကားတစီးပေါ်ကနေ ရိုက်ကူးနေသူတွေက လေချွန်သံပေး ကားဟွန်းသံ မပေးခင်အထိ ဝက်ဝံကြီးက ကားတံခါးဖွင့်ဖို့ ၂ ကြိမ် ကြိုးစားခဲ့တာပါ။


“ကြည့်ဦး ကားတံခါးရဲ့ လက်ကိုင်ကို ကိုက်နေတယ်။ ဝက်ဝံက ဒီလူကြီး ၂ ယောက်ကို ကိုက်ချင် ရန်ပြုချင်နေတာ” လို့ ရုပ်သံ ရိုက်ကူးနေတဲ့ ကားပေါ်က လူငယ် တဦးက ပြောလိုက်ပြီး “သူဘာလုပ်နေတယ်ဆိုတာ သူကောင်းကောင်းသိတယ်။ ကြည့် ကားထွက်သွားဖို့ ဝက်ဝံကြီးက အော်နေပြီ” လို့ လူငယ် ၂ ဦးက ပြောနေကြပါတယ်။


ရုပ်သံ ရိုက်ကူးနေသူတွေက လေချွန်သံပေးပြီး ဝက်ဝံကို အာရုံလွှဲချိန်ခန ဝက်ဝံကြီးက ကားတံခါးနားက ခေတ္တခွါသွားပေမယ့် ရုပ်သံရိုက်ကူးနေတဲ့ကားကို ဝက်ဝံကြီးက စိတ်အလိုမကျတဲ့ မျက်နှာနဲ့ ကြည့်နေပုံက ရယ်စရာဖြစ်နေပါတယ်။ ဒါပေမယ့် သူတို့လည်း ဝက်ဝံကြီးထွက်သွားအောင် ကားဟွန်းသံ ဆက်ပေးပြီး ခြောက်လွှတ်နေတာကိုလည်း ရုပ်သံထဲမှာ ကြားနေရပါတယ်။


ကားဖြူပေါ်က စုံတွဲက သစ်တောဝန်းထဲ လမ်းလျှောက် တောင်တက်ဖို့ စီစဉ်ထားပေမယ့် ဝက်ဝံနောက်ကလိုက်လာမှာ စိုးရိမ်ပြီး အစီအစဉ် ပြောင်းကာ ကားကို အမြန်မောင်းထွက် သွားကြတယ်လို့ ဒေးလီးမေးလ်သတင်းမှာ သြဂုတ်လ ၄ ရက်နေ့က ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013