DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ ယာဉ် ၁ စီး အရှိန်လွန်တိမ်းမှောက်
DVB
·
August 6, 2017
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ ယာဉ် ၁ စီး အရှိန်လွန်တိမ်းမှောက်
1 / 4
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး ကျောက်တခါးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၈၆ မိုင်အနီးမှာ ဒီနေ့ မနက် ၇ နာရီလောက်က ယာဉ်တိမ်းမှောက်မှုတခု ဖြစ်ပွားခဲ့တယ်လို့ မြို့ချောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲစခန်းက သိရပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၈၆/၀ နဲ့ ၈၆/၁ အကြားမှာ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်း နေသူ ယာဉ်မောင်း ခင်မောင်သန်း တဦးတည်းမောင်းလာတဲ့ယာဉ် TOYOTA COROLLA အဖြူရောင်ယာဉ်ဟာ ဝဲဘက်ရှေ့ဘီးပေါက်ကာအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကပ်တုံးကို တိုက်မိပြီး လမ်းလယ်ကျွန်း ပေါ်သို့ ရောက်ရှိကာ တိမ်းမှောက်ခဲ့တာပါ။

လူမထိခိုက်မှု မရှိပေမယ့်လည်း ယာဉ်မှာ ပျက်စီးသွားခဲ့ပြီး ယာဉ်တိမ်းမှောက်ရာသို့ မြို့ချောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲစခန်းမှ တပ်ဖွဲဝင်တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက်ကူညီမှုတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တိမ်းမှောက်မှုနဲ့ ပတ်သက်ပြီး ယာဉ်ကို မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ခင်မောင်သန်းကို မြို့ချောင်းအမြန်လမ်းမကြီး ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၂၇၉ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ကျော်အောင် (ကညွတ်ကွင်း)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013