
သြဂုတ် ၆ ရက် မနက် ၉ နာရီက အကြိမ် ၄၀ မြောက် ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်ကို ဘားအံမြို့ ဇွဲကပင်ခန်းမမှာ စည်းကားစွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားဟာ ကရင်းတိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်း ရိုးရာအစဉ်အလာဖြစ်ပြီး ဝါခေါင်လ ချည်ဖြူဖွဲ့ခြင်းကို ရိုးရာယဉ်ကျေးမှုတရပ်အဖြစ် လက်ခံထားခြင်းကြောင့် နှစ်စဉ်ကျင်းပရတာလို့ သိရပါတယ်။
ပွဲတော်ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးစောကြည်လင်းက “စည်းလုံးညီညွတ်မှုကနေ တဆင့် ငြိမ်းချမ်းရေးအသီးအပွင့်တွေအားလုံးကို ကရင်တိုင်းရင်းသားတွေ သာမက တိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး ကျရောက်ပါစေ”လို့ ပြောပါတယ်။
ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုက္ကဋ္ဌ၊ ပြည်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပွဲကျင်းပရေးကော်မတီဝင်တွေ၊ ဒေသခံ ကရင်တိုင်းရင်းသားတွေအပြင် ညီနောင် တိုင်းရင်းသားတွေပါ တက်ရောက်ခဲ့ပါတယ်။
သတင်း - ရဲမင်းခေါင်











