DVB Logo
Home
မြန်မာသတင်း
ရပ်ထားသည့်ကားကို ဆိုင်ကယ်ဝင်တိုက်၊ ၁ ဦးသေဆုံး
DVB
·
August 6, 2017
ရပ်ထားသည့်ကားကို ဆိုင်ကယ်ဝင်တိုက်၊ ၁ ဦးသေဆုံး
Donate to DVB

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ရန်ကုန်မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၅၈/၄ သြဂုတ်လ ၄ ရက် ညနေ ၄ နာရီမှာ ကားရပ်ပြီး ထမင်းစားနေစဉ် ကားနောက်ပိုင်းကို ဆိုင်ကယ်နဲ့ ဝင်တိုက်မိရာ အခင်းဖြစ်နေရာတင် သေဆုံးသွားတယ်လို့ ၀မ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ယာဉ်မောင်းကိုမျိုးကို ကားရပ်ပြီး ထမင်းစားစဉ် မြောက်မှ တောင်ကို ဇော်ဇော်အောင် မောင်းနှင်လာတဲ့ဆိုင်ကယ်ဟာ အရှိန်လွန်ပြီး ကားနောက်ပိုင်းကို ဝင်တိုက်မိပြီး  အခင်းဖြစ်ရာနေရာမှာ ဆိုင်ကယ်မောင်းသူ ဇော်ဇော်အောင် သေဆုံးခဲ့တာပါ။

ဒုရဲအုပ်အောင်ကိုဝင်းက "ဇော်ဇော်အောင် နဲ့ ဆိုင်ကယ် ကားအောက်ဝင်သွားတယ်။ ယာဘက်နားထင် ပေါက်ပြဲတယ်။ နှာခေါင်းက သွေးထွက်နေတယ်။ နေရာတင် သေဆုံးတယ်။ ဝမ်းတွင်းဆေးရုံကို ပရဟိတကွန်ရက်က ပို့ပေးတယ်"လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်းက ယာဉ်မောင်းဇော်ဇော်အောင်ကို ယာဉ်မဆင်မခြင်မောင်းနှင်လို့ လူသေဆုံးမှု ရာဇသတ်ကြီးပုဒ်မ-၃၀၄-က နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013