DVB Logo
Home
မြန်မာသတင်း
အင်္ဂပူတွင် အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန် မော်တာစက်ချုပ် သင်တန်း ဖွင့်လှစ်
DVB
·
August 6, 2017
အင်္ဂပူတွင် အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန် မော်တာစက်ချုပ် သင်တန်း ဖွင့်လှစ်
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်ထဲက အလုပ်လက်မဲ့တွေနဲ့ အခြေခံ အလုပ်သမားတွေကို အလုပ်အကိုင် အခွင့်အလမ်းရရှိစေဖို့ ရည်ရွယ်ပြီး မဲဇလီကုန်းမြို့မှာ မော်စက်ချုပ်သင်တန်းကို သင်ကြားပေးနေတာပါ။

အဲစက်ချုပ် သင်တန်းကို မဲဇလီကုန်းဒေသက ပရဟိတ အဖွဲ့တခုက ဦးဆောင် သင်ကြားပေးနေတာပါ။

သင်တန်းကို ဇူလိုင်လကတည်းက စတင်သင်ကြားပေးနေပြီး စက်မော်တာ အလုံး ၂၀ နဲ့ တနေ့ နှစ်ကြိမ် သင်ကြားပေးနေတာပါ။

အဓိကတော့ မျဉ်းဖြောင့် ချုပ်နည်း၊ ချည်ထုတ်နည်း၊ အဝိုင်းချုပ်နည်း စတဲ့ စက်မော်တာ ချုပ်နည်း ၆ မျိုးကို သင်ကြားပေးနေတာပါ။

သင်တန်း တသုတ်ကို လူဦးရေ ၆၀ ကျော်လောက် လာရောက် သင်ကြားနေပါတယ်။ သင်တန်းသားတွေကတော့ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်အတွင်းက ကျား/မအားလုံးကို သင်ကြားပေးနေတာပါ။ သင်တန်းတက်ရောက်မယ်ဆိုရင်တော့ သင်တန်းသားတဦးက သင်တန်းကြေးအနေနဲ့ တဦးကို ၂ သောင်းကျပ် ရန်ပုံငွေကောက်ခံပါတယ်။

အဲသင်တန်းက ဆင်းသွားလို စက်ချုပ်လုပ်ငန်းလုပ် ကိုင်လိုရင် ပုသိမ်မြို့မှာ ရှိတဲ့ အထည့်ချုပ်တွေနဲ့ ချိတ်ဆက်ပြီး အလုပ်အကိုင် ရရှိဖို့ ဆောက်ရွက်ပေးနေကြတာပါ။

သင်တန်းဦးဆောင် လုပ်ကိုင်နေသူ ဒေါ်ဖြူဖြူသန့် က “ကျေးလက်က လူတွေ အလုပ်ကိုင် ရှားပါးနေတာတွေကြောင့် သူတို့စားဝတ်နေ ရေးအတွက် အဆင်ပြေစေဖို့ ရည်ရွယ်ပြီး ခုလို မော်တာစက်ချုပ်သင်တန်းကို လုပ်ပေးရတာဖြစ်တယ်။ ဒီကသင်တန်းပြီးရင် ပုသိမ်က အထည့်ချုပ်တွေနဲ့ ချိတ်ဆက်ပြီး သူတို့တွေ အလုပ်အကိုင် ရရှိဖို့ စီစဉ်ဆောင်ရွက်ပေးနေတယ်” လို့ ပြောပါတယ်။

မော်တာစက်ချုပ် အလုပ်ရရင်တော့ အလုပ်စဝင်ဝင်ချင်း တနေကို ၂၇၀၀ ကျပ်နဲ့ အချိန်ပို တနာရီ ၁၀၀၀ ကျပ်နှုန်းနဲ့ ပုသိမ်မှာပဲ အလုပ်လုပ်ကိုင်ကြရမယ်လို့ ဆိုပါတယ်။

သင်တန်းသူ မစုစုလှိုင်က “ရွာမှာ အလုပ်အကိုင် ရှားပါးနေတာတွေကြောင့် အိမ်မှာ စားနေဝတ်အဆင်ပြေဖို့ မျှော်လင့်ပါတယ်။ မော်တာစက်ချုပ်သင်တန်းကပြီးရင် အလုပ်ရဖို့လည်း မျှော်လင့်နေပါတယ်” လို့ ပြောပါတယ်။

ခုသင်တန်းဟာ ၃ ကြိမ်မြောက်ဖြစ်သွားပြီ။ သင်တန်းသား/သူ ၁၅၀ လောက်ဟာ ခုဆို ပုသိမ်မြို့က အထည်ချုပ်မှာ အလုပ်အကိုင်ရရှိနေပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013