DVB Logo
Home
မြန်မာသတင်း
ရဲတပ်သားများလစာမှ မျက်မမြင်ကျောင်းကို နေ့လယ်စာ အလှူပြုလုပ်
DVB
·
August 6, 2017
ရဲတပ်သားများလစာမှ မျက်မမြင်ကျောင်းကို နေ့လယ်စာ အလှူပြုလုပ်
1 / 5
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ သီးကုန်အမြန်လမ်းရဲစခန်းက ရဲတပ်သားတွေရဲ့ သဒ္ဓါကြေးစုဆောင်းငွေနဲ့ မိတ္ထီလာမျက်မမြင်ကျောင်းကို လစဉ် ၄ ရက်နေ့တိုင်း နေ့လယ်စာ ထမင်းတနပ်ကို သြဂုတ်လ ၄ ရက်နေ့က လှူဒါန်းခဲ့တယ်လို့ သီးကုန်းအမြန်လမ်း ရဲစခန်းက ပြောပါတယ်။

တပ်ကြပ်ဝဏ္ဏလင်းက “ကြားဖူးတယ်၊ မျက်စိမှာအဆုံး နားမှာအရှုံး ဆိုပေမယ့် သတ္တိ ကောင်းကောင်းနဲ့ ဘဝကိုရင်ဆိုင်ဖြတ်သန်းသူတွေကို ဂုဏ်ပြုအလှူတခုလုပ်ချင်ခဲ့တယ်။ အဲမျက်မမြင်ကျောင်းကို တတ်နိုင်သလောက် သွားလှူရအောင်ဆိုပြီး သူငယ်ချင်းတွေနဲ့ တိုင်ပင်တယ်၊ အားလုံးသဘောတူပြီး လစဉ်ထမင်းတနပ်စာ လှူဒါန်းခဲ့တယ်။ အခုဆို ၁၈ လရှိပါပြီ။ ထမင်းတနပ် ၃၅၀၀၀ ကျပ်ကျတယ်(ကျောင်းသားအားလုံး)၊ မနက်စာကတော့ ၂၀၀၀၀ လောက်ပဲ ကျတယ်” လို့ ပြောပါတယ်။

မျက်မမြင်ကျောင်းအုပ်ဆရာကြီး ဦးကြည်က “ကျနော်ကိုယ်တိုင်မျက်မမြင်တစ်ဦးပါ၊ ရန်ကုန် ကြည်မြင့်တိုင်မျက်မမြင်ကျောင်းက ၁၀ တန်း အောင်ပါတယ်။ လုပ်သားကောလိပ်တက်ပြီး သမိုင်းမေဂျာနဲ့ ဘွဲ့ရတယ်။ အဲကျောင်းမှာ ဆရာ ဝင်လုပ်တယ် အနှစ် ၂၀ ကြာတယ်။ အဲဒီကနေ ပင်စင်ယူပြီး ၁၉၉၈ မှာ ဒီကျောင်းဖွင့် ဖြစ်တယ်။ အခုရဲဘော်လေးတွေလို အလှူရှင် ၁၅ ဦးလောက်ရှိပါတယ်။ မနက် နေ့လယ် ညစာ ၃ နပ်စာ အားလုံးတော့ အလှူရှင်မရှိသေးဘူး။ အလှူရှင်မရှိရင် ကျောင်းရံပုံငွေက ကျွေးပါတယ်” လို့ပြောပါတယ်။

လူမှုနယ်ပယ်အသီးသီးမှာ တန်းတူနေနိုင်စေဖို့ ရည်ရွယ်ချက်ထားရှိပါတယ်။ ကျောင်းသားကျောင်းသူ ၄၅ ဦးရှိပါတယ်။ မူလတန်းပညာကို မျက်မမြင်ကျောင်းမှာသင် ပေးပါတယ်။

၎ တန်းကစပြီး အထက-၄ မှာ စာသင်ရပါတယ်။ အထက-၄ မှာကျောင်းတက် နေသူ ၈ ယောက်၊ ကျန် ၃၇ ယောက်ကတော့ မျက်မမြင်ကျောင်းမှာ အသက်မွေးပညာ အနုပညာပညာတွေ သင်နေပြီး ဝန်ထမ်းပေါင်း ၁၃ ယောက် ရှိတယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013