DVB Logo
Home
မြန်မာသတင်း
ရာသီတုပ်ကွေးနှင့်ကြက်ငှက်တုပ်ကွေး မျိုးရိုးဗီဇ ပေါင်းစပ်မှုမရှိဟု ကျန်းမာရေးဌာနပြော
DVB
·
August 6, 2017
ရာသီတုပ်ကွေးနှင့်ကြက်ငှက်တုပ်ကွေး မျိုးရိုးဗီဇ ပေါင်းစပ်မှုမရှိဟု ကျန်းမာရေးဌာနပြော
Donate to DVB

မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပွားနေတဲ့ ရာသီတုပ်ကွေး A(H1N1) ရောဂါးပိုဟာ ကြက်ငှက်တုပ်ကွေး (H5N1) ရောဂါးပိုးနဲ့ မျိုးရိုးဗီဇပေါင်းစပ်မှု မရှိဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သြဂုတ် ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

အခု ဖြစ်နေတဲ့ ရောဂါဟာ  တကမ္ဘာလုံးမှာ ပုံမှန်ပျံ့နှံ့တဲ့ ရာသီတုပ်ကွေးရောဂါပိုး အမျိုးအစားတမျိုးသာ ဖြစ်တဲ့အတွက် ပုံမှန်ထက် အထူးစိုးရိမ်ကြောင့်ကြစရာ မလိုဘူးလို့လည်း ပြောပါတယ်။

ဒါ့အပြင် ပုံမှန် ကုသတဲ့ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ရောဂါကို ကုသတဲ့ ဆေးတွေကို ၉၅ ရာခိုင်နှုန်းကနေ ၉၈ ရာခိုင်နှုန်းအထိ တုံ့ပြန်မှု ရှိတယ်လို့ ဆိုထားပါတယ်။ ဒါဟာ ဂျပန်နိုင်ငံက National Institute of Infectious Disease ဓါတ်ခွဲခန်းကို ရောဂါးပိုး ပို့ဆောင်ထားရာကနေ ထွက်ပေါ်လာတဲ့ ရလဒ်ဖြစ်တယ်လို့ ကျန်မာရေး ၀န်ကြီးဌာနရဲ့ ထုတ်ပြန်မှာ ဖော်ပြထားပါတယ်။

အထူးသဖြင့် ရာသီတုပ်ကွေးရောဂါ ပြင်းထန်စွာခံစားရနိုင်တဲ့ အသက်အရွယ်ကြီးသူတွေ၊ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နာတာရှည်ရောဂါရှိသူတွေ၊ ကိုယ်ခံအားနည်း သူတွေအနေနဲ့ ထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်ရေး နည်းလမ်းတွေကို လိုက်နာဖို့ သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013