DVB Logo
Home
မြန်မာသတင်း
မြင်းခြံတွင် A(H1N1) ရောဂါကာကွယ်ရေး​ mask ကမ်​ပိန်း ပြုလုပ်
DVB
·
August 5, 2017
မြင်းခြံတွင် A(H1N1) ရောဂါကာကွယ်ရေး​ mask ကမ်​ပိန်း ပြုလုပ်
1 / 6
Donate to DVB

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့မှာ ရာသီတုပ်ကွေးရောဂါ A(H1N1) ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရမှုမရှိစေဖို့အတွက် ဒီနေ့မနက်က အသိပညာပေး လက်ကမ်းစာစောင်တွေနဲ့ mask တွေ လိုက်လံဝေငှခဲ့ပါတယ်။

မြင်းခြံ ကားဝင်းအတွင်း နဲ့ လူစည်ကားရာနေရာဖြစ်တဲ့ မြို့စည်ပင်သာယာဈေးနဲ့ အေးမြသီတာ ဈေးတို့မှာ သွားရောက်ပြီး mask ဝေငှတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

မြင်းခြံခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းဦးက "ခုက (၅) ကြိမ်မြောက်ရှိပါပြီ။ ဆေးရုံတွေမှာက ညွန်ကြားချက်အတိုင်း ကျန်းမာရေးဝန်ထမ်းတွေက ဂရုစိုက်နေပါတယ်။ ဒီကားဝင်းကနေ ရန်ကုန်ကိုသွားမဲ့သူ၊ ရန်ကုန်က ပြန်လာမယ့်သူတွေ ရှိနေကြတဲ့အတွက် အသိပညာပေး နဲ့ mask ဝေငှပေးတာပါ။ မြို့နယ်တွေမှာလည်း ဆက်တိုက်ပြုလုပ်ပေးနေပါတယ်။ ကျေးရွာတွေအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ကျန်းမာရေးဆရာမတွေနဲ့ ပူးပေါင်းပြီး အဓိက စာသင်ကျောင်းတွေကို ပညာပေးအစီအစဉ်တွေ ပြုလုပ်ပေးနေတာပါ ။မြင်းခြံမြို့ပေါ်ရှိ စာသင်ကျောင်း (၂) ကျောင်း ကိုလည်း ပညာပေးအစီအစဉ်တွေနဲ့ ဟောပြောပွဲတွေ ပြုလုပ်ပေးခဲ့ပြီ” လို့ ပြောပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ face mask ကမ်ပိန်းကို မြင်းခြံခရိုင်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဝင်တွေ၊ ကျန်းမာရေးဦးဌာန၊ မိခင်နဲ့ကလေး စောင့်ရှောက်ရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ မြို့နယ် စည်ပင်သာယာမှ ဝန်ထမ်းတွေ ပူပေါင်း ပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ မြင်းခြံမြို့ပေါ်မှာ A(H1N1) ရောဂါဖြစ်ပွားနေပြီလို့ လူထုကြားမှာ ပျံ့နှံ့နေလို့ မြို့ခံတွေ စိုးရိမ်မှုတွေ မြင့်တက်လာနေကြပါတယ်။

မြင်းခြံခရိုင် ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ကေသီဝင်းမောင်က "ခုဆေးရုံမှာက ဖျားလို့၊ ချောင်းဆိုးလို၊ ရက်ရှည်ဖျားနေလို့ ရှိရင် ဆေးရုံမှာ ပြင်ပ လူနာအဖြစ် ပြလို့ရပါတယ်။ အတွင်းလူနာအဖြစ်လည်း ပြလို့ရပါတယ်။ ခုချိန်ထိ H1N1 ရောဂါ လက္ခာမျိုး မရှိသေးပါဘူး။ ကိုယ်လက်ကိုက်ခဲ နှာစေး ချောင်းဆိုး ရက်ရှည်ဖျားတာတွေရှိတော့ သူတို့တွေက စိုးရိမ်ပြီး ဒီရောဂါတွေ ဖြစ်မယ်ထင်ပြီး စိုးရိမ်နေကြတာပါ။ ပညာပေးအစီအစဉ်တွေ ဆက်တိုက်ပြုလုပ်ပေးနေတာပါ။ မြင်းခြံဆေးရုံမှာတော့ H1N1 ရောဂါရှိသူ မရှိသေးပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံ အနှံ့အပြားမှာ A(H1N1) ရောဂါလက္ခာနဲ့ သေဆုံးသူ ဦးရေ (၁၄) ဦး ရှိခဲ့ပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

သတင်း၊ဓာတ်ပုံ-ရီရီထွန်း (မြင်းခြံ )

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013