DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်တွင် A(H1N1 ) ရောဂါ အသိပညာပေးခြင်း အရှန်အဟုန်မြှင့် ဆောင်ရွက်
DVB
·
August 5, 2017
ညောင်လေးပင်တွင် A(H1N1 ) ရောဂါ အသိပညာပေးခြင်း အရှန်အဟုန်မြှင့် ဆောင်ရွက်
1 / 5
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ ရာသီတုတ်ကွေးA(H1N1)ဗိုင်းရပ်စ်ပိုးရှိသူ လူနာ ၃ ဦးတွေ့ရှိပြီးနောက် ပရဟိတအဖွဲ့တွေ၊ ဌာနဆိုင်ရာတွေပူးပေါင်းပြီး အသိပညာပေးတာတွေ Maskတွေ အခမဲ့ဖြန့်ဝေပေးတာတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြပါတယ်။

ညောင်လေးပင်မြို့နယ်အတွင်း လူစည်ကားရာနေရာနဲ့ ဈေးတွေမှာ လက်ကမ်းစာဆောင်နဲ့ Mask တွေကို အခမဲ့လိုက်လံဖြန့်ဝေပေးသလို စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ အသိပညာပေးဟောပြေမှုတွေ ပြုလုပ်ပေးနေတာပါ။

“ကျနော်တို့ မြို့နယ်မှာ ခုဆိုရင် A(H1N1) ဗိုင်းရပ်စ်ပိုးရှိသူ လူနာ ၃ ဦးထိရှိသွားပါပြီ။ နောက်ထက်ဒီလိုမျိုး ထက်မတိုးလာအောင် ခုလိုဈေးတွေ လူစည်ကားရာနေရာတွင်မှာ H1N1 နဲ့ ပတ်သက်တဲ့ အသိပညာပေး လက်ကမ်းစာဆောင်တွေ၊ Maskတွေကို အခမဲ့ဖြန့်ဝေမှုတွေပြုလုပ်ပေးနေတာပါ။ ဒီနေ့ဆို ကျနော်တို့ အခုတထောင်လောက် ဖြန့်ဝေပေးနိုင်ခဲ့ပါတယ်" လို့ ဦးဆောင်ပါဝင်သူ ကိုထင်အောင်လင်းက ပြောပါတယ်။

ညောင်လေးပင်မြို့နယ်မှာ A (H1N1) ဗိုင်းရပ်စ်ပိုးရှိသူ လူနာ ၃ ဦးရှိပေမယ့် အသက်ဆုံးရှုံးတာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။

သတင်း၊ဓာတ်ပုံ-နေလင်းထိုက်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013