DVB Logo
Home
မြန်မာသတင်း
ရေနံလက်ယက်တွင်းမှရန်ပုံငွေဖြင့် လမ်းဖောက်မည်ဟု မကွေးတိုင်း ဝန်ကြီးချုပ်ပြော
DVB
·
August 5, 2017
ရေနံလက်ယက်တွင်းမှရန်ပုံငွေဖြင့် လမ်းဖောက်မည်ဟု မကွေးတိုင်း ဝန်ကြီးချုပ်ပြော
1 / 5
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းက ရရှိတဲ့ ရန်ပုံငွေနဲ့ လမ်းဖောက်ဖို့ ယာဉ်ယန္တရားတွေ ဝယ်ယူမယ်လို့  တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောပါတယ်။

“တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းတွေဖောက်လုပ်နိုင်ဖို့၊ ကျေးရွာချင်းဆက်လမ်းတွေ ဖောက်လုပ်နိုင်ဖို့ ယာဉ်နဲ့ ယန္တရားတွေဝယ်နိုင်အောင် ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းကရရှိတဲ့ ရန်ပုံငွေထဲက ကျပ်သန်း ၁၆၀၀ သုံးစွဲသွားမှာဖြစ်ပါတယ်” လို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက သြဂုတ် ၅ ရက်နေ့မှာ ဒီဗွီဘီကို ပြောပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်း သရက်ခရိုင် မင်းလှမြို့နယ်မှာ ၂၀၀၅-၂၀၀၆ ကစပြီး ရေနံလက်ယက် တွင်းလုပ်ငန်းတွေကို စွမ်းအင်ဝန်ကြီးဌာနရဲ့ခွင့်ပြုချက်နဲ့ စတင်ခဲ့တာဖြစ်ပြီး အဲဒီတွင်းတွေက တိုင်းဖွံ့ဖြိုးရေး ရန်ပုံငွေကောက်နေတာပါ။

“တိုင်းဥပဒေချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေမူအရ ကောက်ခွင့်ရှိတယ်ဆိုတာကြောင့် မကွေးတိုင်းကနေ စစ်ကိုင်းတိုင်း၊ မုံရွာက ရေနံချက်ဖိုတွေဆီကို ဆီဘောက်ဆာတွေနဲ့ သယ်တဲ့အခါမှာ တိုင်းရန်ပုံငွေ အနေနဲ့ တစ်ပီပါကို ကျပ် သုံးထောင်နှုန်း ကောက်ခံခဲ့တာဖြစ်ပြီး တချို့ ပြည်ထောင်စု အစိုးရဆီရောက်ပြီး၊ များသောအားဖြင့်တော့ တိုင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေ အတွက် သုံးစွဲသွားမှာပါ” လို့ တိုင်း ဝန်ကြီးချုပ်က ပြောပါတယ်။

၂၀၁၆ -၁၇ ဘဏ္ဍာနှစ်မှာ ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းတွေက ကျပ်သန်းပေါင်း ၁၅၈၅ ရခဲ့တယ်လို့ သိရပါတယ်။

အရင်အစိုးရ လက်ထက်က ရန်ပုံငွေကောက်ပြီး ကျေးရွာ လျှပ်စစ်မီးလင်းရေး ဓာတ်မီးတိုင်တွေ စိုက်ထူခဲ့ပေမယ့် ဒီနေ့အထိ လျှပ်စစ်မီး မရသေးဘူးလို့ ရေနံမ လျှပ်စစ်မီးလင်းရေးကော်မတီ နာယက သာသနဝေပုလ္လဆရာတော်ဦးပညိန္ဒက ပြောပါတယ်။

ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းဟာ လက်ရှိ အနေအထားအရ ပေ ၁၀၀၀ သတ်မှတ်ထားပေးမယ့် ပေ ၁၀၀၀ အထက်တူးဖော်နေရပြီး လုပ်ကိုင်သူတွေဟာ မှောင်ခိုဘဝက မလွတ်မြောက်ကြသေးလို့ ဝယ်ရောင်းလိုင်စင်၊ တွင်းတူးလိုင်စင် သီးခြားထုတ်ပေးစေချင်တယ်လို့ လုပ်ငန်းရှင် ဦးတင်ဖြိုးလင်းက ပြောပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013