DVB Logo
Home
မြန်မာသတင်း
ပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်နေသူ ၃၀၀ ကျော်ရှိ
DVB
·
August 5, 2017
ပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်နေသူ ၃၀၀ ကျော်ရှိ
Donate to DVB

လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါနဲ့ ဆေးရုံတက်နေသူပေါင်း ၃၃၆ ယောက် ရှိတယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သြဂုတ် ၄ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၁ ရက်ကနေ သြဂုတ် ၄ ရက် နေ့လယ် ၂ နာရီအထိ လူနာပေါင်း ၃၃၆ ယောက်ရှိပြီး အဲဒီထဲက ၁၃၂ ယောက်မှာ H1N1 ရောဂါပိုးတွေ့ခဲ့တာပါ။

ပိုးတွေ့ အတွင်းလူနာတွေထဲမှာ ၄၅ ယောက်ဟာ ရောဂါပျောက်ကင်းလို့ ဆေးရုံက ဆင်းသွားပြီး ဖြစ်ပြီး လူ ၁၄ ယောက် သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

သြဂုတ် ၄ ရက် မနေ့က နေ့လယ်အထိ ပိုးတွေ့ လူနာအသစ် ၂၂ ယောက် ထပ်တိုးတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရတဲ့ စာရင်းတွေအရ အထူးကုဆေးရုံကြီး (ဝေဘာဂီ)မှာ H1N1 ပိုးတွေ့ အတွင်းလူနာ ၂၇ ယောက်နဲ့ တခြား တိုင်းနဲ့ ပြည်နယ် ဆေးရုံတွေမှာ ၃၅ ယောက်၊ စုစုပေါင်း ၆၂ ယောက်ဟာ ဆေးကုသခံနေရတုန်း ဖြစ်ပါတယ်။

ရောဂါဖြစ်ပွားမှုနှုန်း အများဆုံးဒေသတွေဖြစ်တဲ့ ရန်ကုန်တိုင်းက အင်းစိန်၊ လှိုင်သာယာ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီးက ပုသိမ်၊ ညောင်တုန်း၊ ပဲခူးတိုင်းဒေသကြီးက ပဲခူးမြို့နယ်တွေမှာ တုံ့ပြန်ဆောင်ရွက်တဲ့ လုပ်ငန်းတွေကို ဦးစားပေးလုပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013