DVB Logo
Home
မြန်မာသတင်း
ကလေးမြို့ ဆိုင်ကယ်မတော်တဆဖြင့် သေဆုံးသူ မိသားစုအဆက်အသွယ်မရသေး
DVB
·
August 5, 2017
ကလေးမြို့ ဆိုင်ကယ်မတော်တဆဖြင့် သေဆုံးသူ မိသားစုအဆက်အသွယ်မရသေး
Donate to DVB

ကလေးမြို့၊ ဖောင်ကူးရွာဟောင်းအနီး အေးငြိမ်းစံ ဘုန်းကြီးကျောင်းကွေ့မှာ သြဂုတ်လ ၃ ရက်က အမည်မသိအမျိုးသားတဦး ဆိုင်ကယ်မတော်တဆမှုနဲ့ သေဆုံးခဲ့ပြီး သြဂုတ် ၅ ရက်အထိ သေဆုံးသူရဲ့ပတ်သက်ရာ မိသားစု မိတ်ဆွေ မပေါ်သေးဘူးလို့ သိရပါတယ်။

“သေဆုံးသူက ဘယ်သူ ဘယ်ဝါဆိုတာ မသိရသေးဘူး။ အသက်က ၂၅ နှစ်လောက်ရှိမယ်။ ခုထိ အလောင်းကို ရင်ခွဲရုံထဲမှာ ထားတယ်။ ဒီနေ့ သင်္ဂြိုဟ်တော့မှာ" မှာလို့ ကလေးမြို့ မြို့မရဲစခန်း တပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။

ဆိုင်ကယ်မတော်တဆမှုနဲ့ သေဆုံးသူအမျိုးသားဟာ ဖြစ်ပွားစဉ် အေးငြိမ်းစံကျောင်းက ဆရာတော်တွေက လမ်းသွားလာသူတွေကို အကူအညီတောင်းခဲ့ပြီး ဆေးရုံပို့ပေးခဲ့ပေမယ့် ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ပါတယ်။

သေဆုံးသူ မတော်တဆဖြစ်ခဲ့တဲ့ ဆိုင်ကယ်ကတော့ ဂျာလင်းအမျိုးအစား တရုတ်နိုင်ငံထုတ် ဒို ခဲရောင်နဲ့ အနက်ရောင်စပ်ကြား ဖြစ်ပြီး ရှေ့ခြမ်းကာဗာနဲ့ ဆီတိုင်ကီ ကွဲ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဆိုင်ကယ်မတော်တဆမှုနဲ့ သေဆုံးခဲ့သူဟာ အကွေ့မှာ အရှိန်မထိုင်းနိုင်ဘဲ လမ်းဘေး သစ်ပင်ဝင်တိုက်မိပြီး လမ်းအောက်ဘက် လွင့်စင်ကျခဲ့တာလို့လည်း သိရပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013