DVB Logo
Home
မြန်မာသတင်း
သထုံမြို့တွင် Barcamp Thaton နှစ်ရက်တာ ကျင်းပ
DVB
·
August 5, 2017
သထုံမြို့တွင် Barcamp Thaton နှစ်ရက်တာ ကျင်းပ
1 / 7
Donate to DVB

လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ နည်းပညာ၊ သဘာဝပတ်ဝန်းကျင်အစရှိတဲ့ နယ်ပေါင်းစုံ၊ လူပေါင်းစုံရဲ့ အတွေးအမြင်အယူအဆ၊ အတွေ့အကြုံတွေကို လွတ်လပ်စွာ အချင်းချင်းဖလှယ်မယ့် ဘားကမ့်ပွဲတော်ကို မွန်ပြည်နယ် သထုံမြို့မှာ သြဂုတ်လ ၅ ရက်နေ ၆ ရက်နေ့အထိ သထုံမြို့ ကွန်ပျူတာတက္ကသိုလ်မှာ နှစ်ရက်တာကျင်းပနေပါတယ်။

Barcamp Thaton 2017 ပွဲတော်မှာတော့ IT နဲ့ နည်းပညာ၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းတွေအပြင် ကဏ္ဍအလိုက် ဦးဆောင်ဆွေးနွေးသူတွေက အချိန်၊ နေရာတွေခွဲပြီး ကျင်းပသွားမှာပါ။

တက်ရောက်လာတဲ့ ကျောင်းသူကျောင်းသား၊ ပြည်သူ ၁၂၀၀ ကျော်က မိမိကြိုက်နှစ်သက်ရာ အစီအစဉ်ကဏ္ဍတွေမှာ ပါဝင်ဆွေးနွေးကြမှာပါ။

အခုလိုမျိုး Barcamp ပွဲတော်တွေကို ၂၀၁၀ ခုနှစ်ကစပြီး မြန်မာနိုင်ငံအနှံ့မြို့ကြီးတွေမှာ ကျင်းပနေခဲ့တာဖြစ်ပေမယ့် မွန်ပြည်နယ်မှာတော့ အခုမှ ပထမဆုံးအကြိမ် ကျင်းပတာပါ။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ Barcamp ကျင်းပတဲ့ အကြိမ်အရေအတွက် ဒုတိယအများဆုံး နိုင်ငံဖြစ်ပြီး ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ Barcamp Yangon ပွဲဟာ ကမ္ဘာပေါ်မှာ လူဦးရေအများဆုံး တက်ရောက်ခဲ့တဲ့ ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013