DVB Logo
Home
မြန်မာသတင်း
အင်းတော်တွင် မိုးကြိုးပစ်ခံရ၍ ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ
DVB
·
August 5, 2017
အင်းတော်တွင် မိုးကြိုးပစ်ခံရ၍ ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ဗုဓလက်ကျေးရွာမှာ သြဂုတ် ၅ ရက် မနက် ၆ နာရီလောက်က မိုးကြိုးပစ်ခံရမှုကြောင့် ၁ ဦးသေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူးသက်တင်ဦးက ပြောပါတယ်။

အင်းတော်မြို့နယ် ဗုဓလက်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းအနီးရှိ လယ်ကွင်းမSာ စပါးစိုက်ပျိုးဖို့အတွက် တောင်သူ ၂၇ ဦးဟာ တာလမ်းအတိုင်း လမ်းလျှောက်လာစဉ် မခင်မာအေး (၃၀) နှစ်ကို မိုးကြိုးထိမှန်ခဲ့ရာ ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ၊ ဗိုက်နဲ့ မျက်နှာမှာ ညိုမည်းဒဏ်ရာတွေနဲ့ နေရာမှာ သေဆုံးသွားခဲ့ပါတယ်။

ဒါ့အပြင် အောင်ကိုထက် (၁၆) နှစ် နဲ့ မလှညို (၃၄) နှစ်တို့လည်း သတိလစ်မေ့မျော ခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူး သက်တင်ဦးက ပြောပါတယ်။

သတိလစ်မေ့မျောခဲ့သူ ၂ ဦးကို အင်းတော်မြို့နယ်ပြည်သူ့ဆေးရုံကို တင်ပို့ကုသထားပြီး အခုအခါ စိုးရိမ်စရာ အခြေအနေမရှိတော့ဘူးလို့ ဗုဓလက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်က ပြောပါတယ်။

အင်းတော်မြို့မရဲစခန်းက မခင်မာအေး သေဆုံးမှုကို သေမှုသေခင်းအမှတ်စဉ် ၁၁/၂၀၁၇ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013