DVB Logo
Home
မြန်မာသတင်း
အစိုးရနုတ်ထွက်ရေး သပိတ်စခန်းဖွင့်သူများကို ဆက်လက်အရေးယူမည်ဟု ဝန်ကြီးပြော
DVB
·
August 5, 2017
အစိုးရနုတ်ထွက်ရေး သပိတ်စခန်းဖွင့်သူများကို ဆက်လက်အရေးယူမည်ဟု ဝန်ကြီးပြော
Donate to DVB

အစိုးရနုတ်ထွက်ပေးရေး သပိတ်စခန်းကို ဓမ္မစက်နဲ့အသိပေး၊ အာဏာစက်နဲ့ ရှင်းလင်းခဲ့တာဖြစ်ပြီး ပါဝင်သူတွေကို အရေးယူသွားမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရ ဦးအောင်ကိုက ပြောပါတယ်။

ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ဒီနေ့ သြဂုတ် ၅ ရက်နေ့ ပြုလုပ်နေတဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ညီလာခံမှာ ၀န်ကြီးက ပြောကြားလိုက်တာပါ။

“လက်ရှိ ဒီမိုကရေစီအစိုးရ နုတ်ထွက်ပေးရေးဆိုတဲ့ တောင်းဆိုချက်ဟာ ခိုင်မာတဲ့ အကြောင်းပြချက် မရှိပါဘူး။ ဒါကို လုပ်ထုံးလုပ်နည်းနဲ့အညီ ပထမ ဓမ္မစက်နဲ့ အသိပေးပါတယ်။ အာဏာစက်နဲ့ ရှင်းလင်းရပါတယ်။ ဒီမနက် ၂ နာရီမှာ မန္တလေး ဘုရားကြီးသပိတ်စခန်းကို အေးချမ်းစွာ ရှင်းလင်းခဲ့ပါတယ်။ တည်ဆဲဥပဒေများကို ချိုးဖောက်ခဲ့ သူတွေကိုလည်း ရဟန်းလည်း ရဟန်း အလျောက်၊ လူပုဂ္ဂိုလ်လည်း လူပုဂ္ဂိုလ်အလျောက် အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ကမ္ဘာကြီးမှာ ဘာသာရေး၊ လူမျိုးရေး အခြေခံတဲ့ ဆန္ဒထုတ်ဖော်မှုတွေ၊ ပဋိပက္ခတွေ ဖြစ်ပွားနေပြီး ဘာသာအသီးသီးက ခေါင်းဆောင်တွေအနေနဲ့ နောက်လိုက်တွေကို လိုအပ်တဲ့ သင်ကြားတာတွေ လုပ်ဖို့လည်း ဝန်ကြီးက ပြောပါတယ်။

“ကမ္ဘာကြီး နေရာအနှံ့အပြားမှာလည်း ဘာသာရေးကို အခြေခံတဲ့၊ လူမျိုးရေးကို အခြေခံတဲ့၊ အခြားစီးပွားရေး၊ နိုင်ငံရေး အကြောင်းပြချက်ပေါင်းစုံနဲ့ ဆန္ဒထုတ်ဖော်မှုတွေ၊ ပဋိပက္ခတွေ ကမ္ဘာနဲ့အ၀ှမ်းမှာ ဖြစ်ပွားနေတယ်ဆိုတာ အားလုံးအသိပါပဲ။ ဒါတွေကို ကိုးကွယ်တဲ့ ဘာသာ အသီးသီးအလိုက် တာဝန်ရှိကြတဲ့ ဘာသာရေးခေါင်းဆောင်များ၊ ဘာသာရေးဆရာများကနေ မိမိတို့ရဲ့ဘာသာဝင်တွေကို လိုအပ်တဲ့ သင်ကြားပို့ချမှုတွေကို ပြုလုပ်သွားဖို့ ဒီနေ့ကွန်ဖရင့်မှာ ဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုမဟုတ်ဘူးဆိုရင် အစွန်းရောက် ဘာသာ အယူဝါဒတွေ လွှမ်းမိုးလာပြီးတဲ့အခါမှာ ကျနော်တို့ ကိုးကွယ်တဲ့ ဘာသာတွေလည်း တိမ်ကော ပျောက်ကွယ်သွားနိုင်ပါတယ်။ ကမ္ဘာကြီးရဲ့ ယဉ်ကျေးငြိမ်းချမ်းတဲ့ အသိုင်းအ၀ိုင်းတွေလည်း ပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့် ကမ္ဘာကြီး တည်ငြိမ်ရေး၊ အေးချမ်းရေး၊ လုံခြုံရေးအတွက်ကို ဘာသာပေါင်းစုံကနေ မိမိတို့ဘာသာအသီးသီးရဲ့ အခန်းကဏ္ဍအလိုက် ဆုံးမသြ၀ါဒတွေ သင်ကြားလေ့ကျင့်ချီးမြှောက်ပေးဖို့အတွက်ကို ဒီကွန်ဖရင့်ကြီးက အဓိကထား ဆွေးနွေးပြီးမှ အရေးယူတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်မည်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။”

ရန်ကုန်နဲ့ မန္တလေးမှာ သံဃာနဲ့ မျိုးချစ်ပုဂ္ဂိုလ်တချို့က အစိုးရနုတ်ထွက်ရေး သပိတ်စခန်းတွေကို သြဂုတ်လ ၂ ရက်နေ့က စတင်ပြီး ခွင့်ပြုချက် မရှိပဲ ဖွင့်လှစ်ခဲ့တာပါ။

သြဂုတ် ၅ ရက်နေ့ မနက်ပိုင်းမှာ မန္တလေးက သပိတ်စခန်းကို ဖြိုခွဲလိုက်ပေမယ့် ရန်ကုန်နဲ့ တောင်ကြီးမှာတော့ သပိတ်စခန်းတွေ ရှိနေပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013