DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲဖြစ်ခဲ့သည့် မန်တုံတွင် ကျောင်းနှင့်ဈေးများပြန်ဖွင့်
DVB
·
August 5, 2017
တိုက်ပွဲဖြစ်ခဲ့သည့် မန်တုံတွင် ကျောင်းနှင့်ဈေးများပြန်ဖွင့်
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့အနီးမှာ မနေ့က တိုက်ပွဲတွေဖြစ်လို့ ဈေးနဲ့ကျောင်းတွေ ပိတ်ခဲ့ပေမယ့် ဒီနေ့တော့ ပုံမှန်နီးပါး ပြန်ဖြစ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က ၁၁ နာရီလောက်မှာ မြန်မာ့တပ်မတော်စစ်ကြောင်းနဲ့ တီအန်အယ်လ်အေ ပလောင် တပ်ဖွဲ့တို့ မန်တုံမြို့ပြင် ၄ မိုင်လောက်အကွာမှာ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ တာကြောင့် မြို့ပေါ်က အစိုးရအထက်တန်းကျောင်း နဲ့ ဈေးဆိုင်တွေ အရေးပေါ်ပိတ်လိုက်ရတာပါ။

မန်တုံမြို့နယ် တအာင်းအမျိုးသားပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုးက “အခုတော့ ငြိမ်နေတယ်။ မြို့ပြင်ကိုလည်း အသွားအလာတော့ ရှိတယ်။ သွားရဲတဲ့သူတွေ သွားတာပေါ့။ အရင်က တောထဲမှာ ဖြစ်ခဲ့ပေမယ့် အခုက မြို့နားမှာဖြစ်တော့ လူတွေက ကြောက်တာပေါ့။ လက်နက်ကိုင်ထားတဲ့သူတွေကို ပြောချင်တာက ပြည်သူအတွက် လုပ်တာ ဆိုရင် ပြည်သူတွေကို ကြည့်ဖို့ လိုပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အထက်တန်းပြ ဆရာမတယောက်ကလည်း ကျောင်းတွေတက်နေရပြီး ဆိုင်တွေလည်း ပြန်ဖွင့်နေပြီလို့ ပြောပါတယ်။

မြို့ပေါ်ရပ်ကွက်တခုရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်က “လားရှိုးဘက်ကို လမ်းတွေ ပြန်မဖွင့်သေးဘူးလို့ ကြားတယ်။ မြို့ပေါ်မှာတော့ အသွားအလာနည်းသွားတာပေါ့။ ဒီနေ့ကတော့ ပစ်သံခတ်သံ မကြားသေးဘူး” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013