DVB Logo
Home
မြန်မာသတင်း
ပထွေးဖြစ်သူက လေးတန်းကျောင်းသူအား အကြိမ်ကြိမ်အဓ္မပြုကျင့်၍ ကိုယ်ဝန်ရ
DVB
·
August 5, 2017
ပထွေးဖြစ်သူက လေးတန်းကျောင်းသူအား အကြိမ်ကြိမ်အဓ္မပြုကျင့်၍ ကိုယ်ဝန်ရ
Donate to DVB

တိုက်ကြီးမြို့နယ်၊ ဥပ္ပုံစုရပ်ကွက် ယုဇနလမ်းမှာ ပထွေးဖြစ်သူက အသက် ၁၃ နှစ် အရွယ်လေးတန်းကျောင်းသူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တယ်လို့ တိုက်ကြီးမြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူး သိန်းအေးကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေက မိခင်ဖြစ်သူဒေါ်----- တိုက်ကြီးဈေးကို ဈေးရောင်းသွားနေချိန် မ----ဟာ ပထွေးဖြစ်သူက နင်းပေးဖို့ ပြောရာ သွားရောက်နင်းပေးချိန် ပထွေးဖြစ်သူက ဆွဲလှဲပြီး အဓမ္မ ပြုကျင့်ခဲ့ကြောင်း၊ မိခင်ဖြစ်သူကို ပြန်ပြောရင် သတ်ပြစ်မယ်လို့ ခြိမ်းခြောက်ထားလို့ မပြောဘဲနေခဲ့ရကြောင်း၊ အဲဒီနောက် မိခင်ဈေးရောင်းသွားချိန်တွေမှာ ထပ်မံပြီး အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း ကလေးမက ရဲစခန်းမှာ ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

သြဂုတ် ၂ ရက်  ၅ နာရီမှာလည်း မိခင်ဖြစ်သူဈေးရောင်းသွားချိန် ပထွေးဖြစ်သူက သူ့အခန်းထဲကိုခေါ်ပြီး ထပ်မံအဓမ္မပြုကျင့်ခဲ့လို့ မိခင်ဈေးရောင်းပြန်လာတဲ့အခါ ဗိုက်အောင့်ကြောင်းပြောပြီး မိခင်နှစ်အတူ ဆေးခန်းသွားပြသခဲ့ရာ ကိုယ်ဝန်ရှိနေတယ်လို့ သိရပြီး ပထွေးဖြစ်သူက အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း မိခင်အားပြောပြကာ တိုက်ကြီးမြို့မရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့တာပါ။

“ကျနော့်ကို ရာအိမ်မှူးက ရပ်ကွက်ထဲမှာ ပထွေးက မယားပါသမီးကို အဓမ္မပြုကျင့်လို့ ကလေးမလေးမှာ ကိုယ်ဝန်ရှိနေတယ်လို့ သတင်းလာပို့တော့ ရဲအရေးပိုင်တဲ့အမူဖြစ်လို့ ကာယကံရှင်နဲ့ တရားလိုပြုလုပ်ပြီး တိုင်မယ်။ သူ့ကိုရဲစခန်းမှာ အမူသွားဖွင့်ဖို့ လမ်းညွှန်ပေးခဲ့ပါတယ်” လို့ ဥပ္ပုံစုရပ်ကွက်အုပ်ချူပ်ရေးမှူး က ပြောပါတယ်။

တိုက်ကြီးမြို့မရဲစခန်းက မထွေးဖြစ်သူကို ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၆ နဲ့ ဖမ်းဆီး အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

သတင်း-မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013