DVB Logo
Home
မြန်မာသတင်း
မန္တလေး သပိတ်စခန်းအား အစိုးရအဖွဲ့ ၀င်ရောက်ဖျက်သိမ်း
DVB
·
August 5, 2017
မန္တလေး သပိတ်စခန်းအား အစိုးရအဖွဲ့ ၀င်ရောက်ဖျက်သိမ်း
1 / 11
Donate to DVB

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မဟာမုနိဘုရားဝင်းရှိ သာသနာ ၂၅၀၀ ဗိမာန်မှာ အစိုးရဖြုတ်ချရေးအတွက် ဖွင့်ထားတဲ့ သပိတ်စခန်းကို ၀င်ရောက် ဖျက်သိမ်းပြီး သံဃာနှင့်လူအချို့ကို ဖမ်းဆီးလိုက်ပါတယ်။

မဟာမုနိဘုရားကြီးနယ်မြေမှာ အမျိုးသားရေး အမည်ခံထားတဲ့ သံဃာနဲ့လူတချိုက ဖွင့်ထားတဲ့ အစိုးရဆန့်ကျင်ရေး သပိတ်စခန်းကို ဒီမနက် ၂ နာရီ ၁၅ မိနစ်လောက်မှာ  မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က ဦးဆောင်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ နယ်မြေခံ သတင်းတပ်ဖွဲ့တို့က  ဖြိုခွဲလိုက်ပါတယ်။

ဆန္ဒပြနေတဲ့ သံဃာ ၇ ပါးနဲ့ လူ ၄ ယောက်တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးကားတွေနဲ့ တင်ဆောင်သွားပါတယ်။

သံဃာတပါးနဲ့ အမျိုးသမီးတယောက်ကို ဖမ်းတဲ့အချိန်မှာ ဆူပူကြပေမယ့် အများစုကတော့ အသာတကြည် အဖမ်းခံခဲ့ကြပါတယ်။

သပိတ်စခန်းကို ဖျက်သိမ်းရာမှာ နိုင်ငံရေးပါတီဝင်တွေဖြစ်တဲ့ ကိုမြင့်ဦး -ချမ်းမြသာစည်မြို့နယ် ကိုခင်မောင်ကြည် ချမ်းမြသာစည်မြို့နယ်တို့နဲ့အတူ ကိုတင်ဇော်ကို (၅၁၁)ရပ် မဟာအောင်မြေမြို့နယ် ဦးကျော်မျိုးဆွေ(ခ) မျိုးမျိုး အကွက်(၆၅၀) အကျော်တန်းရပ် မဟာအောင်မြေမြို့နယ် နေသူတို့ဟာ ဝင်ရောက်ဆီးနင်းတုန်း ထွက်ပြေးတိမ်းရှောင် သွားတာကြောင့် လိုက်လံ ရှာဖွေနေဆဲဖြစ်ပါတယ်။

ရန်ကုန်နဲ့ မန္တလေးက သပိတ်စခန်းတွေဟာ ကျင့်ထုံးဥပဒေတွေနဲ့ ဆန့်ကျင်နေလို့ တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူခံရမှာဖြစ်ကြောင်း သက်ဆိုင်ရာက မနေ့က သတိပေးအပြီးမှာ ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013