DVB Logo
Home
မြန်မာသတင်း
တရားစွဲဆိုခံထားရသည့် သတင်းသမားများ အာမခံရရေး ဆက်ကြိုးပမ်းမည်
DVB
·
August 4, 2017
တရားစွဲဆိုခံထားရသည့် သတင်းသမားများ အာမခံရရေး ဆက်ကြိုးပမ်းမည်
1 / 4
Donate to DVB

မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆိုခံထားရတဲ့ ဒီဗွီဘီနဲ့ဧရာဝတီ သတင်းထောက်တွေအပါအ၀င် ၆ ယောက်ရဲ့ အာမခံလျှောက်ထားမှုကို ဒီကနေ့ သီပေါမြို့နယ်တ ရားရုံးက  ပယ်ချခဲ့ပေမယ့် နောက်တကြိမ် ထပ်မံကြိုးစားသွားမယ်လို့ ရှေ့နေ ဒေါ်ရွှေမိုးညွန့်က ပြောပါတယ်။

အာမခံပယ်ချရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး အချက် ၃ ချက် ပြောသွားကြောင်း ဒီဗွီဘီသတင်းထောက်တွေရဲ့ ရှေ့နေ ဒေါ်ရွှေမိုးညွန့်က မီဒီယာတွေကို ပြောပါတယ်။

“ကျမတို့အာမခံပယ်ချတဲ့ ဥစ္စာကတော့ သူတို့က ၃ ချက်ပြောတာပေါ့နော်။ အခုကတော့ စွပ်စွဲခံရသူတွေကေ ဒီနယ်မြေမှာနေထိုင်တဲ့သူတွေမဟုတ်ဘူး။ နောက်တခုကကျတော့ တရားလို ကို စစ်ဆေးဆဲဖြစ်တယ်။ နောက်ထပ်တခုကတော့ တရားလိုပြသက်သေတွေကို အများအပြား တင်ထားတဲ့အတွက် အမှုကျောရိုးမပေါ်ပေါက်သေးဘူးပေါ့။ အဲတော့ ကျမတို့က ဒီတရားလိုတွေ၊ တရားလိုပြသက်သေတွေကို စစ်ဆေးဆဲအဆင့်မှာပဲ နောက်ထပ်တကြိမ် အာမခံ ထပ်လျှောက်လို့ရတယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ် ထပ်လျှောက်လို့ရတယ်။ သူတို့ ကျောရိုး မပေါ်ဘူးဆိုတဲ့ အကြောင်းပြချက်ကလေး ရှိနေတယ်ဆိုတော့လေ။ ကျမတို့က ရှေ့မှာလည်း နမူနာတွေရှိသေးတယ်ပေါ့နော်။ ၉ ကြိမ်ထောင် လျှောက်ထားဖူးတဲ့လူတွေလည်းရှိတယ်ဆိုတော့ ကျမတို့ကတော့ အာမခံရအောင်တော့ ဆက်လျှောက်သွားမှာပါ။ ”

ဒီကနေ့ တရားခွင်မှာ တပ်မတော်ဘက်က လိုပြသက်သေတွေထဲက တပ်ရေးဗိုလ်ကြီး ဗိုလ်သက်နိုင်ဦးကို ဆက်လက်စစ်ဆေးခဲ့ပြီး သတင်းသမားတွေရဲ့ ရှေ့နေဘက်ကတော့ သတင်းသမားတယောက်ရဲ့ အခွင့်အရေးတိုင်းတောင်းဆိုခဲ့သလို တီအန်အယ်လ်အေဆိုတာ လည်း နိုင်ငံတော်သမ္မတကနေ လက်မှတ်ရေးထိုး အသိအမှတ်ပြုထားတဲ့ အကြမ်းဖက်မ ဟုတ်ကြောင်း ခုခံချေပခဲ့တယ်လို့လည်း ရှေ့နေ ဒေါ်ရွှေမိုးညိုက ပြောပါတယ်။

၁၇ ၁ နဲ့ သူတို့  ၆ ယောက်အပြင် နောက်ထပ် ၄ ယောက်လည်း တရားခံပြေးအမှုနဲ့ အမှုတွဲဖွင့်ထားကြောင်းလည်း ပြောပါတယ်။ နောက်ထပ်အမှုဖွင့်ခံထားရသူ ၄ ဦးထဲမှာ သတင်းသမားတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

အခုလို တရားစွဲဆိုခံရတဲ့အပေါ် ဒီဗွီဘီအကြီးတန်းသတင်းထောက် ဦးအေးနိုင်က “ကျနော်တို့ ခေတ်ပြောင်းမယ်ဆိုရင် ဒီယန္တရားကြီးရဲ့ ခွေးသွားစိပ်တွေလိုမျိုး ပွန်းပဲ့ခံရတယ်လို့ပဲ ထင်တယ်”  လို့ ပြောပါတယ်။

သတင်းထောက် ကိုပြည့်ဘုန်းအောင်ကလည်း “‘ဒါက ဒီဗွီဘီရယ်၊ ဧရာဝတီရယ်၊ ပြည့်ဘုန်းအောင်ရယ်၊ ကိုအေးနိုင်ရယ်ကို တရားစွဲဆိုတယ်ဆိုတာမဟုတ်ဘူး။ ဒါက သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ချင်လို့ သူတို့ လုပ်တာပဲ” လို့  ပြောပါတယ်။

သူတို့ကို လာမယ့် သြဂုတ်လ ၁၁ ရက်နေ့ ရုံးပြန်ချိန်းဆိုထားပြီး အဒီရုံးချိန်းကျရင် တရားလိုပြသက်သေ ၂ ဦး ဆက်လက်စစ်ဆေးသွားမှာဖြစ်ပါတယ်။

ဒီဗွီဘီအကြီးတန်း သတင်းထောက် ဦးအေးနိုင်၊ သတင်းထောက် ကိုပြည့်ဘုန်းအောင်၊ ဧရာဝတီသတင်းထောက် ဦးသိန်းဇော်၊  တီးဝိုင်းမှာ ဒရမ်တီးတဲ့ မိုင်းထွန်းအေး၊ ကားမောင်းသမား မိုင်းဆန်းညွန့်နဲ့ စိုင်းအာင်ခမ်းတို့ ၆ ဦးဟာ ဇွန် ၂၆ ရက်က တီအန်အယ်လ်အေက ကျင်းပတဲ့ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲကို သတင်းသွားယူပြီးအပြန် တပ်မတော်စစ်ကြောင်းရဲ့ ဖမ်းဆီးခံခဲ့ရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013