DVB Logo
Home
မြန်မာသတင်း
ကျေးရွာပိုင်မြေပေါ် ဆက်သွယ်ရေးတာဝါတိုင်စိုက်ထူပေးရေး ရေဦးတွင် ဆန္ဒပြ
DVB
·
August 4, 2017
ကျေးရွာပိုင်မြေပေါ် ဆက်သွယ်ရေးတာဝါတိုင်စိုက်ထူပေးရေး ရေဦးတွင် ဆန္ဒပြ
1 / 9
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့ပေါ်မှာ ဒေသခံရွာသားတွေရဲ့သဘောဆန္ဒနဲ့အညီ ဆက်သွယ်ရေး တာဝါတိုင်ဆောက်လုပ်ပေးဖို့နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဖြုတ်ချရေးတို့အတွက် ညောင်ပင်သာကျေးရွာဒေသခံ ၂၀၀ လောက်က ဒီနေ့ မွန်းလွဲ ၂ နာရီလောက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

“အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ကိုယ်ကျိုးစီးပွားကြည့်ပြီး ရွာသားတွေရဲ့ ဆန္ဒကိုလစ်လျူရှုတယ်။ ရွာသားတွေက ဆက်သွယ်ရေးတာဝါတိုင်ကို ရွာပိုင်မြေပေါ်မှာ စိုက်ထူစေချင်တယ်။ ခရိုင်အုပ်ချုပ်ရေးမှူးကလည်း ရွာပိုင်မြေပေါ်မှာဆောက်ဖို့ ညွှန်ကြားတယ်။ အဲဒါကိုမလိုက်နာဘဲ အာဏာပိုင်အချို့နဲ့ပေါင်းပြီး ပြည်သူတွေဆန္ဒကို အလေးမထားလို့ ခုလိုဆန္ဒပြရတာပါ" လို့ ဆန္ဒပြပွဲဦးဆောင်ပါဝင်သူ ဦးနိုင်ဦးက ဒီဗွီဘီကိုပြောပါတယ်။

ဆန္ဒပြပွဲမှာ ကျေးရွာသားတွေက ကျေးရွာပိုင်မြေပေါ်မှာ mpt တာဝါတိုင်စိုက်ထူပေးရေး၊ အဂတိမကင်းတဲ့ အုပ်ချုပ်ရေးမှူး အလိုမရှိ၊ တရားဥပဒေစိုးမိုးရေး အလိုမရှိ စတဲ့ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို ပထမဆုံးအကြိမ်ပြုလုပ်တာဖြစ်ပြီး တောင်းဆိုချက်တွေ မရမချင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေက ဆိုပါတယ်။

ညောင်ပင်သာရွာက ရေဦးမြို့နဲ့ ၃ မိုင်လောက် ကွာဝေးပြီး အိမ်ခြေ ၉၀ ကျော်ရှိပါတယ်။ ရေဦးမြို့ အောင်မင်္ဂလာရပ်ကွက်၊ မင်းရဲကျော်စွာလမ်း ဆောက်လုပ်ရေးရုံးရှေ့ကနေစပြီး မြို့မဈေး၊ နာရီစင်လမ်းတို့အတိုင်း ချီတက်ဆန္ဒပြခဲ့ပြီး စတင်ခဲ့ရာနေရာမှာပဲ ညနေ ၄ နာရီ အဆုံးသတ်လူစုခွဲခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013