DVB Logo
Home
မြန်မာသတင်း
အဖျောက်တွင် H5N1 ကြိုတင်​ကာကွယ်ရေး ကြက်​ခြံများအား ကွင်းဆင်းစစ်​​ဆေး
DVB
·
August 4, 2017
အဖျောက်တွင် H5N1 ကြိုတင်​ကာကွယ်ရေး ကြက်​ခြံများအား ကွင်းဆင်းစစ်​​ဆေး
1 / 6
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့မှာ ကြက်တုပ်ကွေးရောဂါ (H5N1) ကူးစက်မှု မဖြစ်ပွားရေးအတွက် ကြိုတင်ကာကွယ်ရေး အထူးကြပ်မတ်ဆောင်ရွက်ဖို့ ကြက်ခြံတွေကို ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။

အဖျောက်မြို့ရှိ ကြက်ခြံတွေကို ဒီကနေ့ မနက်ပိုင်းက ဇီဝလုံခြုံရေးစနစ်တကျ ဆောင်ရွက်ထားရှိမှု ကွင်းဆင်းစစ်ဆေးခြင်း၊ မွေးမြူရေးသမားတွေကို ပညာပေးဟောပြောတာတွေ ပြုလုပ်ခဲ့တယ်လို့ တိုက်ကြီးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာ ဇော်ဇော်ထွန်းက ပြောပါတယ်။

ကြက်ငှက်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အထူးကြပ်မတ်ဆောင်ရွက်ဖို့ အဖျောက်မြို့၊ မြို့အုပ်ချုပ်ရေးမှူးအပါဝင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးဌာနတာဝန်ရှိသူတွေဟာ အသားစားကြက်ခြံ ၁၅ ခြံ၊ ဥစားကြက်ခြံ ၁ ခြံ တို့ကို လှည့်လည်ပြီး ကြက်ခြံတွေမှာ ဇီဝလုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေတွေကို စစ်ဆေးခဲ့ပါတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အဖျောက်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံခန်းမမှာ ကြက်မွေးမြူသူတွေနဲ့ ကြက်ရောင်းချသူတွေကို ကြက်ငှက်တုပ်ကွေးရောဂါ အကြောင်းနဲ့ ရောဂါထိန်းချုပ်မှုစနစ်တို့ကို တိုက်ကြီးမြို့နယ် မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာနတာဝန်ရှိသူတွေက ဟောပြောခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ကူးစက်ပြင်းထန် ကြက်ငှက်တုပ်ကွေးရောဂါဟာ ၂၀၀၆ ခုမှစတင်ပြီး ကူးစက်ဖြစ်ပွားခဲ့ကြောင်းနဲ့ စတင်ဖြစ်ပွားတဲ့ ၂၀၁၆ ခုနှစ်ကနေ အခုနှစ်အထိ ၉ ကြိမ်ဖြစ်ပွားခဲ့ပြီး ရောဂါထိန်းချုပ်ရေးတွေ ပြုလုပ်ခဲ့ကြသလို ခုနှစ်မှာလည်း အသိပညာပေး ဟောပြောပွဲတွေ လူစည်ကားတဲ့ နေရာတွေမှာ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတွေ၊ ကြက်ခြံတွေကို ကွင်းဆင်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

သတင်း-မေသွယ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013