DVB Logo
Home
မြန်မာသတင်း
ကရင်ရိုးရာ ဖြူချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား ကွမ်းခြံကုန်းမြို့တွင် ကျင်းပ(ဓာတ်ပုံ)
DVB
·
August 4, 2017
ကရင်ရိုးရာ ဖြူချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား ကွမ်းခြံကုန်းမြို့တွင် ကျင်းပ(ဓာတ်ပုံ)
1 / 10
Donate to DVB

ကရင်စာပေနဲ့ ယဉ်ကျေးမှုကော်မတီက ဦးဆောင်ပြီး ဝါခေါင်လ ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကို သြဂုတ် ၄ ရက်နေ့က ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့မှာ ကျင်းပခဲ့ပါတယ်။

တောင်ပိုင်းခရိုင်းအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခန်းအနားကို ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးနဲ့ ဒလ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူးနဲ့ သန်လျင် မြို့နယ်တဝိုက်က ကရင်လူမျိုးအယောက် ၂၅၀၀ လောက် တက်ရောက်ခဲ့ပါတယ်။

ဝါခေါင်လရောက်တိုင်း ကရင်လူမျိုးတွေ ကျင်းပလေ့ရှိတဲ့ ချည်ဖြူဖွဲ့ အခမ်းအနားကို ခြောက်ထပ်ကြီး ထန်းတပင်နဲ့ လှိုင်မြို့နယ်မှာလည်း ကျင်းပသွားမှာဖြစ်ပါတယ်။

သတင်း၊ဓာတ်ပုံ-သူဇာလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013