DVB Logo
Home
မြန်မာသတင်း
နိုင်ငံတ၀န်း ရေကြီးရေလျှံမှုကြောင့် လူဦးရေ ၂ သိန်းကျော် ရေဘေးကြုံ၊ ၃ ဦးသေဆုံးခဲ့
DVB
·
August 4, 2017
နိုင်ငံတ၀န်း ရေကြီးရေလျှံမှုကြောင့် လူဦးရေ ၂ သိန်းကျော် ရေဘေးကြုံ၊ ၃ ဦးသေဆုံးခဲ့
Donate to DVB

နေပြည်တော်ကောင်စီနယ်မြေအပါအ၀င် မြန်မာနိုင်ငံက ပြည်နယ်နဲ့ တိုင်းဒေသကြီး  ၁၀ ခုမှာ ဇူလိုင် ၁ ရကနေ့ကနေ ၃၀ ရက်နေ့အတွင်း ရေဘးကြောင်း လူပေါင်း ၂ သိန်းကျော် ပြောင်းရွှေ့ခဲ့ရပြီး ၃ ဦး သေဆုံးခဲ့တယ်လို့ ကုလမသဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က သတင်းထုတ်ပြန်ပါတယ်။

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဌာနရဲ့ ထုတ်ပြန်ချက်အရ မကွေး၊ ဧရာဝတီ၊ စစ်ကိုင်း၊ ပဲခူး၊ တနင်္သာရီ နဲ့ ရန်ကုန်တိုင်းဒေသကြီး၊ မွန်၊ ကရင် နဲ့ ရခိုင်ပြည်နယ်တို့မှာ အဓိက ရေဘေးကြုံခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကိုင်းနဲ့ မကွေးတိုင်းဒေသကြီးတွေမှာမှာ ရေပြန်ကျသွားပြီဖြစ်လို့ ရေဘေးရှောင်တွေလည်း မိမိနေအိမ်ကိုပြန်သွားကြပြီလို့လည်း ထုတ်ပြန်ထားပါတယ်။

“သြဂုတ် ၁ ရက်နေ့အထိ ရရှိထားသော အချက်အလက်များအရ ရေဘေးသင့်ဒေသများရှိ မြို့နယ်ပေါင်း ၅၈ မြို့နယ်တွင် ဖွင့်လှစ်ခဲ့သော ရေဘေး ကယ်ဆယ်ရေးစခန်းပေါင်း ၃၀၄ ခုအနက် စခန်း ၂၅၁ ခုကို ပိတ်သိမ်းခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ပိတ်သိမ်းခဲ့ပြီးသော ရေဘေးကယ်ဆယ်ရေးစခန်းများတွင် စစ်ကိုင်း၊ မကွေး၊ ရန်ကုန် တိုင်းဒေသကြီးများနှင့် ရခိုင်ပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေ တို့တွင်ရှိခဲ့သော ရေဘေးကယ်ဆယ်ရေး စခန်းအားလုံးလည်း အပါအဝင်ဖြစ်ပါသည်” လို့ ဖော်ပြထားပါတယ်။

ဒီလိုမိမိနေအိမ်တွေ ပြန်နိုင်တဲ့သူတွေ ရှိပေမယ့် လူဦးရေ ၇၄,ဝဝဝ ကျော်မှာ ပြည်နယ်နဲ့ တိုင်းဒေသကြီး ငါးခုရှိ ရေဘေးကယ်ဆယ်ရေးစခန်းပေါင်း ၅၃ ခုမှာ ဆက်လက်နေထိုင် နေကြရဆဲပဲလို့လည်း ထုတ်ပြန်ထားပါတယ်။

အထူးသဖြင့် ဧရာဝတီတိုင်းမှာ ရေဘေးကယ်ဆယ်ရေးစခန်း ၁၅ ခုက လူဦးရေ ၆၄,၀၀၀ ကျော်နဲ့ ပဲခူးတိုင်းဒေသကြီးမှာ ရေဘေးကယ်ဆယ်ရေးခစန်း ၂၂ ခုက လူပေါင်း ၆၇၀၀ ခန့် ကယ်ဆယ်ရေးစခန်းမှာ ရှိနေတယ်ဆဲပဲလို့လည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013