DVB Logo
Home
မြန်မာသတင်း
ကားစလစ်ဖြစ်ပြီး ၀င်တိုက်မိ၍ လမ်းဘေးငါးမျှားသူ သေဆုံး
DVB
·
August 4, 2017
ကားစလစ်ဖြစ်ပြီး ၀င်တိုက်မိ၍ လမ်းဘေးငါးမျှားသူ သေဆုံး
Donate to DVB

လက်ပံတန်းမြို့နယ် ဂွေးထောက်ကွင်းကျေးရွာအနီး ရန်ကုန်-ပြည်ကားလမ်းပေါ်မှာ ယာဉ်စလစ်ဖြစ်ပြီး လမ်းဘေးငါးမျှားနေသူကို ၀င်တိုက်မိလို့ ငါးမျှားတဲ့သူ သေဆုံးသွားတယ်လို့ သိရပါတယ်။

ပြည်ကနေ ရန်ကုန်ဘက်ကို ယာဉ်မောင်း ရည်မွန်အောင်မောင်းနှင်တဲ့ ယာဉ်ဟာ စလစ်ဖြစ်ပြီး ကားဘယ်ဘက်အခြမ်းကို ဆွဲချသွားလို့ လမ်းဘေးမှာ ငါးမျှားနေတဲ့ ကိုဇေယျာလင်း ကို ဝင်ရောက်တိုက်မိတာပြီး အခင်းဖြစ်နေရာမှာ သေဆုံးသွားတယ်လို့ လက်ပံတန်းမြို့မခန်းမှ တာဝန်မှူး ရဲအုပ်ကျော်မင်းဟန်ထံ က ပြောပါတယ်။

ယာဉ်တိုက်မှုနှင့်ပတ်သက်ပြီး လက်ပံတန်းမြီု့မရဲစခန်းမှ စခန်းမှူးချစ်ကိုကိုက “သြဂုတ်လ ၂ ရက်နေ့ နေ့လယ်ပိုင်းလောက်က ယာဉ်တိုက်မှုသတင်းကို ရဲအုပ်ကျော်မင်းဟန်က တရားလိုပြုလုပ် တိုင်တန်းထားပြီး ယာဉ်(ပ)၄၄/၂၀၁၇အမှုဖွင့်ပြီး ရာဇသတ်ကြီး ပုဒ်မ၃၀၄-ကဖြင့် ယာဉ်မောင်း ရည်မွန်အောင်ကို အမှုဖွင့်အရေးယူထားပါတယ်" လို ဒီဗွီဘီကိုပြောပါတယ်။

သတင်း၊ဓာတ်ပုံ-ဝဏ္ဏထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013