DVB Logo
Home
မြန်မာသတင်း
သပိတ်စခန်းများအား ဥပဒေ လုပ်ထုံးလုပ်နည်းနှင့် ဆောင်ရွက်မည်ဟု ပြည်ထဲရေးဝန်ကြီးပြော
DVB
·
August 4, 2017
သပိတ်စခန်းများအား ဥပဒေ လုပ်ထုံးလုပ်နည်းနှင့် ဆောင်ရွက်မည်ဟု ပြည်ထဲရေးဝန်ကြီးပြော
Donate to DVB

ရန်ကုန်၊ မန္တလေးက သပိတ်စခန်းတွေကို သာသနာရေးဝန်ကြီးဌာနက အမှုဖွင့်ရင် လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်သွားမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးပြောကြားလိုက်ပါတယ်။

“သာသနာရေးဝန်ကြီးဌာနကနေပြီးတော့ သက်ဆိုင်ရာတိုင်း၊ မြို့နယ်တွေမှာရှိတဲ့ သံဃာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေကလည်း လိုအပ်တဲ့ အစည်းဝေး ပြုလုပ်မှုတွေလုပ်နေတယ်။ ဥပဒေမှာပြဋ္ဌာန်းထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။ သက်ဆိုင်ရာ သံဃာနာယကအဖွဲ့အစည်းတွေရဲ့ ညှိနှိုင်း ဆောင်ရွက်ချက်တွေနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေမှာ အားလုံးအပြည့်အစုံ ပါလာမှာဖြစ်ပါတယ်။ အုပ်ချုပ်ရေးလမ်းကြောင်းတွေမှာ ကျနော်တို့ သာသနာရေးကနေပြီးတော့ အမှုဖွင့်ထားရှိပြီး လုပ်လာပြီဆိုရင်တော့ သက်ဆိုင်ရာ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ အဆင့်ဆင့် ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ လုပ်ငန်းစဉ်တွေအတိုင်းပဲ သက်ဆိုင်ရာအစိုးရအဖွဲ့က အဆင့်ဆင့်တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ ပြောလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။”

သာသနာရေးနဲ့ ယဉ်ကျေးမှု ၀န်ကြီးဌာနကလည်း ရန်ကုန်၊ မန္တလေးမြို့တို့မှာ ပြုလုပ်နေတဲ့ သပိတ်မှောက်ပွဲမှာ ပါဝင်တဲ့ သံဃာတွေဟာ သံဃာအများစုဆန္ဒကို ကိုယ်စားမပြုကြောင်း သြဂုတ် ၃ ရက်နေ့ညနေပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့ မနက်ပိုင်းအထိ ရန်ကုန်မြို့ ကြေးသွန်းဘုရားမှာတော့ အမျိုးသားရေးလှုပ်ရှားသူတွေလို့ နာမည်ခံထားတဲ့ လူနဲ့သံဃာတချို့ဟာ သူတို့ဖွင့်ထားတဲ့ သပိတ်စခန်းမှာ ဆက်ရှိနေတုန်း ဖြစ်ပါတယ်။ သူတို့ဟာ လက်ရှိအစိုးရ နုတ်ထွက်ပေးရေးကို တောင်းဆိုနေတာ ဖြစ်ပါတယ်။

ကြေးသွန်းဘုရားမှာ ဖွင့်ထားတဲ့ သပိတ်စခန်းကို သြဂုတ် ၃ ရက်မနက်ပိုင်းက စပြီး ဒီနေ့ မနက်ပိုင်းအထိ ရဲတပ်ဖွဲ့ဝင် အနည်းငယ်ကပဲ စောင့်ကြည့်တာတွေ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013