DVB Logo
Home
Lead Story
ရေနံလက်ယက်တွင်းနဲ့ပတ်သက်တဲ့ ရန်ပုံငွေတွေကို လွှဲသွားတာမရှိဘူး - မကွေးတိုင်းဝန်ကြီးချုပ် (ရုပ်သံ)
DVB
·
August 4, 2017
ရေနံလက်ယက်တွင်းနဲ့ပတ်သက်တဲ့ ရန်ပုံငွေတွေကို လွှဲသွားတာမရှိဘူး - မကွေးတိုင်းဝန်ကြီးချုပ် (ရုပ်သံ)
Donate to DVB



မကွေးတိုင်းဒေသကြီး အစိုးရအဟောင်း ဦးဘုန်းမော်ရွှေတို့အဖွဲ့က ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး အလွဲသုံးစားပြုလုပ်ခဲ့တဲ့ငွေတွေ အစိုးရသစ်ကို ပြန်လည်မအပ်နှံဘူးဆိုရင် တည်ဆဲဥပဒေအရ အရေးယူမှာ ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားထားပါတယ်။ ဒါကြောင့် ဒီငွေကြေးဥစ္စာတွေထဲက အစိုးရသစ်ကို သူတို့ ဘယ်လောက်အပ်နှံပြီးပြီလဲ၊ ဘယ်လောက်အထိ အပ်နှံဖို့ ကျန်နေသေးတယ်၊ အစိုးရသစ်အနေနဲ့လည်း ပြန်လည်ရရှိလာတဲ့ ပစ္စည်းဥစ္စာတွေကို ဒီတိုင်းဒေသကြီးအတွင်း ဘယ်နေရာတွေမှာ ဖြည့်စွက်အသုံးပြုသွားမှာလဲဆိုတာ သိရှိနိုင်ဖို့အတွက် လက်ရှိ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး - ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေလက်ထက်က ရေနံလက်ယက်တွင်းကရတဲ့ ရန်ပုံငွေတွေကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူတွေက သိချင်နေကြပါတယ်။ အဲတော့ ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက အစိုးရသစ်မှာ ဒီရန်ပုံငွေတွေနဲ့ ပတ်သက်ပြီး လွှဲပြောင်း အပ်နှံရမယ်လို့ သိထားပါတယ်။ အဲဒါ အဆင့် ဘယ်နှစ်ဆင့်လောက်အထိ အပ်နှံတာတွေ ရှိခဲ့ပါသလဲ။

ဖြေ - အစိုးရ အပြောင်းအလဲမှာတော့ သူက ဘာမှ ကျနော်တို့ကို လွှဲသွားတာမျိုး မရှိဘူး။ ဒီ ရေနံလက်ယက်တွင်းနဲ့ ပတ်သက်တဲ့ ရန်ပုံငွေတွေကို လွှဲသွားတာ မရှိဘူး။ ကျနော်က မကွေးတိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တဦးတည်းသော ဗဟိုအလုပ်အမှုဆောင် ဖြစ်တဲ့အတွက်ကြောင့် အစိုးရအသစ် ဖြစ်တဲ့အခါကျရင် ဝန်ကြီးချုပ်ဖြစ်မယ်ဆိုပြီး နာမည်ထွက်တာပေါ့လေ။ အဲလိုအချိန်မှာ ဒီ တိုင်းဒေသကြီး အဆင့်ကနေပြီးတော့ ရေနံလက်ယက်တွင်းကရတဲ့ ရန်ပုံငွေတွေရှိတယ်၊ ဒါတွေ မနည်းမနောရှိတယ်၊ ကျနော်ကြားတာတော့ ၂ ဒသမ ၈ ဘီလီယံ၊ သန်းပေါင်း ၂၈၀၀ လောက်ရှိတယ်ပေါ့လေ။ ဒါနဲ့ပတ်သက်ပြီး ကြားသိရတဲ့အတွက်ကြောင့် ကျနော်က လွှတ်တော်မှာ မေးခွန်းမေးခိုင်းတာ။  ကျနော့်မဲဆန္ဒနယ်မြေ ပွင့်ဖြူက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းကို မေးခွန်းမေးခိုင်းလိုက်တော့ ပြည်ထောင်စုအစိုးရနေ မကွေးတိုင်းအစိုးရကို ပြန်ပြီးမေးပါတယ်။ ဒါမျိုးတွေရှိသလား၊ လွှဲသွားသလား၊ လွှဲတဲ့ပိုက်ဆံတွေ ဘာသုံးတုန်းဆိုတော့ ကျနော်က တစုံတခုမှ လွှဲခဲ့တာမရှိဘူး။ အဲလိုပြောတဲ့အခါမှာ ပြည်ထောင်စုအစိုးရက ဒါနဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းပါ၊ စစ်ဆေးပါဆိုပြီး စစ်ဆေးခိုင်းတဲ့အခါကျတော့ ကျနော်တို့ တိုင်းဒေသကြီးအစိုးရရဲ့ သြဇာအာဏာနဲ့ မရနိုင်တဲ့အတွက်ကြောင့် ပြည်ထောင်စုအစိုးရက ဒါတွေကို ဦးဆောင်ပြီးတော့ စုံစမ်းစစ်ဆေးပါဆိုပြီး ကျနော်တို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဆုံးဖြတ်ချက်နဲ့ ပြည်ထောင်စုအစိုးရကို အကူအညီတောင်းတဲ့အခါ ပြည်ထောင်စုအစိုးရ ဦးဆောင်ပြီး ဒါတွေကို စုံစမ်းစစ်ဆေးတယ်။

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013