DVB Logo
Home
မြန်မာသတင်း
ခမရ ၂၄၉က ဖမ်းဆီးခေါ်ဆောင်သွားသည့် ရွာသား ၁၀ ဦးထဲမှ ၉ ဦးလွတ်မြောက်
DVB
·
August 4, 2017
ခမရ ၂၄၉က ဖမ်းဆီးခေါ်ဆောင်သွားသည့် ရွာသား ၁၀ ဦးထဲမှ ၉ ဦးလွတ်မြောက်
Donate to DVB

မိုင်းပြင်းအခြေစိုက် ခမရ ၂၄၉ က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဟိုပုန်းမြို့နယ် ကွန်ကုန်း ရွာသား ၁၀ ဦးအနက် ၉ ဦး ပြန်လွတ်မြောက်လာပြီး ဦးလုံးစိုင်း ၁ ဦး ကျန်ရှိနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

မနေ့မနက်အစောပိုင်း ၁ နာရီ ၁၅ မိနစ်လောက်မှာ တပ်မတော်သားအင်အား ၃၀ လောက်က ရွာထဲဝင်ပြီး သူတို့အိမ်ကို ၀င်ရောက်ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့ကာ အိမ်မှာ ရှိနေတဲ့ အမျိုးသားအားလုံးကို ဖမ်းဆီးသွားခဲ့ပါတယ်။

ဒီလိုဖမ်းဆီးသွားရာမှာ ၉ တန်းကျောင်းသား စိုင်းနွံမိုးကို မနက်ပိုင်းက ပြန်လည်လွှတ်ပေးခဲ့ပြီး ကျန်သူ ၉ ဦးထဲက ၈ ဦးကို မနေ့ည ၁၀ နာရီလောက်မှာ ပြန်လည်လွတ်မြောက်လာတာလို့ မော်ခမ်းက ပြောပါတယ်။

“မနေ့ည ၁၀ နာရီလောက် အိမ်ရောက်တယ်။ ဦးစိုင်းဆိုတဲ့ တယောက်ကျန်ခဲ့တယ်။ သူ့ကိုတော့ မပေးလာသေးဘူးလို့ပဲ ပြောတယ်။ ”

မနေ့မနက်ပိုင်း ဖမ်းဆီးခံရသူတွေကတော့ ဦးလုံးစိုင်း ၄၇ နှစ်၊ ဦးလုံးကုန် ၆၇ နှစ်၊ ဦးလုံးဝမ် ၅၀ နှစ်၊ စိုင်းနွံ ၂၇ နှစ်၊ စိုင်းပေါက် ၂၂ နှစ်၊ ဦးလုံးလမ် ၄၉နှစ်၊ ဦးအဂ္ဂ ၃၉ နှစ်၊ စိုင်းနော် ၁၈ နှစ် နဲ့ စိုင်းထွေး ၂၈ နှစ်တို့ဖြစ်ပါတယ်။

မနေ့ညက ကျန်သူအားလုံးလွတ်မြောက်လာပေမယ့် ဦးလုံးစိုင်းဆိုသူကတော့ ကျန်နေသေးတယ်လို့ ဆိုပါတယ်။

ဘာကြောင့် ရွာသားတွေကို ဖမ်းဆီးလဲဆိုတာကို မသိရပေမယ့် ပြန်လွတ်လာသူတွေရဲ့ ပြောပြချက်အရ ရှမ်းစစ်သားလုပ်လားဆိုတဲ့ မေးခွန်းမျိုးကိုသားမေးပြီး သူတို့ မလုပ်ကြောင်းပြောတဲ့အတွက် ပြန်လွတ်လာတာလို့ ဆိုပါတယ်။

ဒါနဲ့ ပတ်သက်လို့ တပ်မတော်ဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013