DVB Logo
Home
မြန်မာသတင်း
သတင်းထောက် ၃ ဦးအပါအ၀င် ဖမ်းဆီးခံ ၆ ဦး၏ အာမခံလျှောက်ထားမှု ပယ်ချခံရ
DVB
·
August 4, 2017
သတင်းထောက် ၃ ဦးအပါအ၀င် ဖမ်းဆီးခံ ၆ ဦး၏ အာမခံလျှောက်ထားမှု ပယ်ချခံရ
1 / 5
Donate to DVB

မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆိုခံထားရတဲ့ ဒီဗွီဘီ သတင်းထောက်နဲ့ ဧရာဝတီသတင်းထောက် အပါအ၀င် ၆ ယောက်ရဲ့ အာမခံလျှောက်ထားမှုကို သီပေါမြို့နယ်တရားရုံးက  ပယ်ချလိုက်ပါတယ်။

ဒီကနေ့ မနက်ပိုင်း သီပေါမြို့နယ် တရားရုံးမှာ ဒုတိယအကြိမ်ရုံးထုတ်စစ်ဆေးခဲ့ပြီးနောက် ပယ်ချလိုက်တာပါ။

အဆိုပါ ၆ ယောက်ဟာ သီပေါမြို့နယ်မှာ အခြေစိုက်နေထိုင်သူတွေ မဟုတ်တာကြောင့် နောက်ပိုင်း အမှုစစ်ရာမှာ အခက်အခဲရှိလို့ ပယ်ချတာဖြစ်ကြောင်း အဲဒီကို သွားရောက်သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက် ကိုကျော်ဇေယျာဝင်းက ပြောပါတယ်။

“အာမခံပယ်ချတာပေါ့နော်။ အဓိကအကြောင်းအရင်းက အာမခံလျှောက်ထားတဲ့သူတွေက  သီပေါမြို့နယ်မှာ နေထိုင်တဲ့သူတွေ မဟုတ်ဘူးပေါ့နော်။ အာမခံပေးလိုက်လို့ရှိရင် အမှုစစ်တာမျိုးတွေ၊ ဘာတွေဆိုလို့ရှိရင် နည်းနည်းအခက်အခဲဖြစ်နိုင်တယ်၊ ကြန့်ကြာနိုင်တယ်ပေါ့နော်။ အဲဒီအကြောင်းပြချက်နဲ့ပေါ့။ အကြမ်းဖျင်းကတော့ အဲဒါပဲ။”

ဒီကနေ့ အာမခံလျှောက်ထားမှု အမိန့်ချပြီးနောက် တပ်မတော်ဘက်က လိုပြသက်သေတွေထဲက တပ်ရေးဗိုလ်ကြီး ဗိုလ်သက်နိုင်ဦးကို စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။

ဒီဗွီဘီ သတင်းထောက် ၂ ယောက်၊ ဧရာဝတီ သတင်းထောက် ၁ ယောက်နဲ့ အရပ်သား ၃ ယောက်တို့ဟာ  ဇွန် ၂၆ ရက်က တီအန်အယ်လ်အေက ကျင်းပတဲ့ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲကို သတင်းသွားယူပြီးအပြန် တပ်မတော်စစ်ကြောင်းရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013