DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် မူကြိုဒုကျောင်းအုပ်ဆရာမတဦး ခြိမ်းခြောက်လုယက်ခံရ
DVB
·
August 4, 2017
နေပြည်တော်တွင် မူကြိုဒုကျောင်းအုပ်ဆရာမတဦး ခြိမ်းခြောက်လုယက်ခံရ
Donate to DVB

နေပြည်တော်ကောင်စီနယ်မြေမှာ မူကြို ဒုကျောင်းအုပ်ဆရာမတဦး သြဂုတ် ၃ ရက်နေ့  နေ့ခင်းပိုင်းက ခြိမ်းခြောက်လုယက်မှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။

မူကြိုကျောင်းကို ဆိုင်ကယ်ကယ်ရီနဲ့ သွားခဲ့တဲ့ ဒုတိယကျောင်းအုပ်ဆရာမကို နေပြည်တော် သီရိရတနာအဆင့်မြင့်ဈေးအကျော်မှာ ဆိုင်ကယ်ကယ်ရီသမားက ဒုကျောင်းအုပ်ဝတ်ဆင်ထားတဲ့ ရွှေဆွဲကြိုး၊ ဟန်းဖုန်းတစ်လုံးနဲ့ ငွေကျပ် ၄၀၀၀၀ သောင်းပါ ပိုက်ဆံအိပ်တို့ကို ခြိိမ်းခြောက်လုယူခဲ့တာဖြစ်ပါတယ်။

ဒီလိုနေ့ခင်းမှာ ဖြစ်ပွားတဲ့ လုယက်မှုဟာ နေပြည်တော်ကောင်စီမှာ ပထမဆုံး အကြိမ်ဖြစ်တယ်လို့ အမှတ် (၁) မြို့မရဲစခန်းက အမှုစစ်အရာရှိ ရဲအုပ်ဝင်းစိုးက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ဒုကျောင်းအုပ်ဆရာမရဲ့ အမှုဖွင့်တိုင်ကြားချက်အရ အမှတ် (၁) မြို့မရဲစခန်းမှာ ရာဇသတ်ကြီးဥပဒပေုဒ်မ ၃၈၆ နဲ့အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

ဒီဖြစ်စဉ်အရ ပြည်သူတွေအနေနဲ့ မိမိခရီးအမြန်ရောက်လိုဇောနဲ့ မသိရှိတဲ့ ဆိုင်ကယ်ကယ်ရီသမားတွေကို စီးနင်းတာမျိုးမလုပ်ဘဲ မိမိလုံခြုံရေစိတ်ချရတဲ့ အသိကယ်ရီသမားတွေကိုသာ စီးနင်းသင့်တယ်လို့ အမှုစစ်အရာရှိ ရဲအုပ်ဝင်းစိုးက မှတ်ချက်ပြုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013