DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၆ ဦးသေ၊ ၂ ဦး ပျောက်ဆုံး
DVB
·
August 4, 2017
မောင်တောတွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၆ ဦးသေ၊ ၂ ဦး ပျောက်ဆုံး
Donate to DVB

မောင်တောမြို့နယ်၊ ကိုင်းကြီး(မြို)ရွာ အနောက်ဘက်မှာ သြဂုတ် ၃ ရက်နေ့မနက်က သေနတ်သံတွေ ကြားတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းဆောင်ရွက်တဲ့အခါ ကိုင်းကြီးကျေးရွာသား ခြောက်ယောက်ရဲ့ အလောင်းတွေကို တွေ့ခဲ့ရပြီး နှစ်ဦး ပျောက်ဆုံးနေတဲ့အတွက် အကြမ်းဖက်သူတွေကို ပိတ်ဆို့ရှာဖွေနေတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

ကိုင်းကြီး (မြို)ကျေးရွာနေ ကိုကုန်ဝိုင်း (၂၅) နှစ်၊ ကိုလင်းကြတ် (၂၉) နှစ်တို့ နှစ်ဦးရဲ့ အလောင်းတွေကို စတင်တွေ့ရှိရပြီး နေ့လယ်ပိုင်းမှာ ကိုကိုင်းမွှေး (၂၅)နှစ်၊ မဆိန်ရာ (၃၈)နှစ်၊ မရီ(၂၇)နှစ်၊ မထီးကော် (၂၅) နှစ်တို့ကို သေနတ်ဒာဏ်ရာနဲ့ ပြတ်ရှဒါဏ်ရာတွေရပြီး သေဆုံးနေတာကို တွေ့ရှိခဲ့ရတာပါ။

“အခုရှာမတွေ့သေးတာ မိန်းကလေး ၂ ယောက်ပါ။ သူတို့ကိုလည်း အသက်ရှင်လျှက် ပြန်တွေ့ဖို့က သိပ်မလွယ်ဘူးထင်တယ်။ လုံခြုံရေးက အားနည်းလို့ဖြစ်တာ။ ခက်တာက တပ်ကလည်း ရေရှည်နေတာမှ မဟုတ်တာ။ အမြဲတမ်းရှိဖို့လိုတယ်။ ကျနော်တို့ သိသလောက် ဘင်္ဂါလီတွေပဲ လုပ်ခဲ့တာ” လို့ ကိုင်းကြီးရွာကို ရောက်နေတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်းက ဒီဗွီဘီကို ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပျောက်ဆုံးနေသူ ၂ ယောက်ကို ဆက်လက် ရှာဖွေနေပြီး အစွန်းရောက်အကြမ်းဖက်သမားတွေကို ပိတ်ဆို့ရှာဖွေတာ၊ လိုက်လံရှင်းလင်းတာတွေ ဆောင်ရွက်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ပေမယ့် ဘယ်အဖွဲ့ဆိုတာ တိတိကျကျ ဖော်ပြထားတာ မရှိပါဘူး။

မေယုတောင်တန်းမှာ အကြမ်းဖက်သမားတွေ ခိုအောင်းနေတဲ့ သတင်းတွေထွက်ပေါ်နေပြီး ဇွန်လအတွင်းကလည်း လှိုဏ်ခေါင်းတူးထားတဲ့ အကြမ်းဖက်သင်တန်း စခန်းတစ်ခုနဲ့ အကြမ်းဖက်သမား ၂ ဦးကို အသေမိခဲ့ပါတယ်။

ဇူလိုင် ၂၇ ရက်နေ့က ခရုရှာသွားတဲ့ ချွတ်ပြင် ရွာသားတစ်ယောက်လည်း ပျောက်ဆုံးနေပြီး သူ့ကိုလိုက်ရှာတဲ့ ရဲတပ်ဖွဲ့နဲ့ ရွာသားတွေ ပူးပေါင်းအဖွဲ့က အကြမ်းဖက်သမားတွေ ခိုအောင်းခဲ့တဲ့စခန်းနဲ့ စားနပ်ရိက္ခာ၊ အသုံးအဆောင် ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013