DVB Logo
Home
မြန်မာသတင်း
ဟိုပုန်းမြို့နယ် ကွန်ကုန်းရွာသား ၁၀ ဦးကို တပ်မတော်က ဖမ်းဆီးဟု မိသားစုဝင်ပြော
DVB
·
August 3, 2017
ဟိုပုန်းမြို့နယ် ကွန်ကုန်းရွာသား ၁၀ ဦးကို တပ်မတော်က ဖမ်းဆီးဟု မိသားစုဝင်ပြော
Donate to DVB

ရှမ်းပြည်နယ် ဟိုပုန်းမြို့ ကွန်ကုန်းကျေးရွာက ရွာသား ၁၀ ဦးကို မိုင်းပြင်းအခြေစိုက် ခမရ ၂၄၉ က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဖမ်းဆီးခံရတဲ့ မိသားစုဝင်က ပြောပါတယ်။

ဒီနေ့မနက်အစောပိုင်း ၁ နာရီ ၁၅ မိနစ်လောက်မှာ တပ်မတော်သားအင်အား ၃၀ လောက်က ရွာထဲဝင်ပြီး သူတို့အိမ်ကို ၀င်ရောက်ရှာဖွေမှုတွေလုပ်ဆောင်ခဲ့ကာ အိမ်မှာ ရှိနေတဲ့ အမျိုးသားအားလုံးကို ဖမ်းဆီးသွားတာလို့ ဖမ်းဆီခံရတဲ့ ဦးလုံးဝမ်ရဲ့သမီး မော်ခမ်းက ပြောပါတယ်။

“မိုးလင်းခါနည်း ၁ နာရီကျော်မှာ အဲအချိန်မှာ ၀င်လာပြီးတော့ အိမ်ပေါ်မှာ လာရောက်ရှာဖွေတယ်။ ကျမတို့ မိသားစုရော၊ ကျမတို့အဖွားမိသားစုရော၊ ဟိုရှေ့နားက ဒေါ်လေးတယောက်ရဲ့ မိသားစုအိမ်ကို ၀င်ရောက်ရှာဖွေပြီး ၂ နာရီ ၄၅ မိနစ်လောက်မှာ ထွက်ခွာသွားတယ်ရှင်။ သူတို့ဝင်လာပြီး တခါးတွေခေါက်ပြီး တံခါးတွေပွင့်ပေးတဲ့အချိန်မှာ ရှိတဲ့ ယောက်ျားတွေကို အိမ်ရှေ့မှာ ထိုင်ခိုင်းတယ်။ အိမ်ပေါ်ရော၊ အိမ်အောက်ရော အကုန်ရှာဖွေတယ်။ ”

ဒီလိုရှာဖွေပြီး အိမ်မှာရှိတဲ့ အမျိုးသားအားလုံးကို ဖမ်းဆီးသွားသလို သူ့အိမ်က အဖေ ဦးလုံးဝမ်းနဲ့ မောင်လေးဖြစ်သူ စိုင်းနွံမိုးကိုလည်း ဖမ်းဆီသွားခဲ့တယ်လို့ ဆိုပါတယ်။

စိုင်းနွံမိုးမှာ ၉ တန်းကျောင်းသားဖြစ်ပြီး စားမေးပွဲဖြေဖို့ ရှိတာကြောင့် ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန်သူတွေအားလုံးတော့ ခမရ ၂၄၉ တပ်မှာ ထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။

“ကျမတို့ ဘာဖြစ်လို့ ဖမ်းတာလဲဆိုတာမေးတော့ ဘာမှလည်းပြန်မပြောဘူး၊ ဘာအပြစ်ရှိလဲဆိုတော့ ပြန်မပြောဘူး။ အိမ်ပေါ်မှာ လာရှာဖွေတာလည်း ဘာကိုရှာတယ်ဆိုတာလည်း မပြောဘူး။ နေရာတိုင်းကိုရှာပြီးတော့ တွေ့လား၊ မတွေ့ဘူး၊ အဲလိုအချင်းချင်းပြောပြီး ထွက်သွားတယ်။ ထွက်သွားတော့ အဖေကို ဘယ်ခေါ်သွားမလဲလို့ ကျမက မေးလိုက်တဲ့အခါကျတော့ ဒီမှာပဲလမ်းထိပ်မှာပဲ၊ အဖေကို ကားပေါ် ခေါ်တက်တဲ့ အချိန်လည်း ကျမမေးတယ်။ ဒီနားမှာပဲ အနောက်နားမှာပဲ ခဏနေပြန်လွှတ်မယ်လို့ပြောတယ်။”

ပြန်လွှတ်မယ်သာပြောမယ့် သူတို့က တပ်ကိုခေါ်သွားတဲ့အတွက် ရပ်ကျေးဥက္ကဋ္ဌ နဲ့ ရွာက ရပ်မိရပ်ဖတွေစုပြီး တပ်ကို သွားကြတဲ့အခါမှာ မောင်လေးကို ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန်တဲ့သူတွေကို ပြန်မလွှတ်တဲ့အပြင် တွေ့ခွင့်လည်း မပေးခဲ့ဘူးလို့ မော်ခမ်းက ပြောပါတယ်။

ဖမ်းဆီးခံရသူ တွေထဲမှာ အသက် ၆၇ နှစ်အရွယ် အဖိုးအိုတယောက်ပါသွားပြီး အသက်အငယ်ဆုံးက ၁၈ နှစ်ဖြစ်ပါတယ်။ အသက် ၁၆ နှစ်အရွယ် ၉ တန်းကျောင်းသား စိုင်းနွံမိုး ပြန်လွတ်လာတဲ့အတွက် ၉ ဦး ဖမ်းဆီးခံနေရဆဲဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ ဦးလုံးစိုင်း ၄၇ နှစ်၊ ဦးလုံးကုန ၆၇ နှစ်၊ ဦးလုံးဝမ် ၅၀ နှစ်၊ စိုင်းနွံ ၂၇ နှစ်၊ စိုင်းပေါက် ၂၂ နှစ်၊ ဦးလုံးလမ် ၄၉နှစ်၊ ဦးအဂ္ဂ ၃၉ နှစ်၊ စိုင်းနော် ၁၈ နှစ် နဲ့ စိုင်းထွေး ၂၈ နှစ်တို့ဖြစ်ပါတယ်။

အိမ်တွင်းဝင်ရောက်ရှာဖွေရာမှာ တောပစ်တူးမီး သေနတ် အပျက် ၃ လှည့်ကို သိမ်းယူသွားကြောင်းလည်း ပြောပါတယ်။

ဘာကြောင့် ရွာသားတွေကို ဖမ်းဆီးလဲဆိုတာကို သိရဖို့ ခလရ ၂၄၉ ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ပါဘူး။

တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်အောင်ရဲဝင်းကို ဆက်သွယ်မေးမြန်းရာမှာ လည်း ဖုန်းကိုင်သူက လူကြီးအစည်းအဝေးတက်နေကြောင်း နဲ့ ဒီသတင်းမှန်မမှန် ပြန်လည်စိစစ်မှာဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

ဒီနေ့ညနေပိုင်း ၄ နာရီကျော်မှာလည်း ခလရ ၂၄၉ က တပ်သား ၂၀ လောက်က မနေ့ညက ရှာဖွေသွားတဲ့အိမ်ကို ထပ်မံလာရောက်ရှာဖွေသွားပေမယ့် ဘာမှ တွေ့မသွားဘူးလို့လည်း မိသားစုဝင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013