DVB Logo
Home
မြန်မာသတင်း
ပြည်ပထုတ် အလှကုန်ပစ္စည်းသုံးမျိုး သုံးစွဲရန်မသင့်ကြောင်း ကြေညာ
DVB
·
August 3, 2017
ပြည်ပထုတ် အလှကုန်ပစ္စည်းသုံးမျိုး သုံးစွဲရန်မသင့်ကြောင်း ကြေညာ
Donate to DVB

ထိုင်း၊ ထိုင်ဝမ်နဲ့ တရုတ် အလှကုန်ပစ္စည်း သုံးမျိုးမှာ ကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်တဲ့ တားမြစ်ဓာတုပစ္စည်း (မာဂျူရီ) ပါဝင်နေလို့ သုံးစွဲဖို့ မသင့်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။

LY-NA Medicated Peari Paste, Kim Whitening Ginseng And Peail Cream, RUIQIAN A+B စတဲ့ အလှကုန်ပစ္စည်း ၃ မျိုးမှာ    တားမြစ်ဓာတုပစ္စည်း ပါဝင်နေသလို တရားဝင် မှတ်ပုံတင်ထားတာလည်း မရှိဘူးလို့ ဆိုပါတယ်။

အဆိပ်သင့် ဓာတုပစ္စည်း မာဂျူရီး (ပြဒါး)ဟာ အရေအပြားယားယံတာ၊ ရောင်ရမ်းတာ၊ အဖြူအနီကွက်တွေဖြစ်တာ၊ အရေအပြားမှတဆင့် ခန္ဓာကိုယ်အတွင်း စုပ်ယူပြီး ထုံကျင်တာ၊ ကြွက်သားတုန်ခါတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ခေါင်းကိုက်တာနဲ့ စိတ်ကျရောဂါတွေအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနဲ့ အခြားရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။

သုံးစွဲရန်မသင့်ကြောင်း ကြေညာထားတဲ့ အလှကုန်ပစ္စည်းများ တင်သွင်း၊ ဖြန့်ဖြူးရောင်းချတာတွေ လုံးဝမပြုလုပ်ဖို့နဲ့ မလိုက်နာပါက သက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ-၃၊ အပိုဒ်-၃(ဃ) အရ အရေးယူဆောင်ရွက်သွားမယ်လို့ အသိပေး ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013