DVB Logo
Home
မြန်မာသတင်း
ကနီမြို့ဆိပ်ကမ်းတွင် ကုန်တင်ရေယာဉ်တစီး နစ်မြုပ်
DVB
·
August 3, 2017
ကနီမြို့ဆိပ်ကမ်းတွင် ကုန်တင်ရေယာဉ်တစီး နစ်မြုပ်
Donate to DVB

စစ်ကိုင်းတိုင်း ကနီဆိပ်ကမ်းမှာ ညအိပ်ရပ်နားထားတဲ့ ကုန်တင်ရေယာဉ်တစီး သြဂုတ် ၃ ရက်နေ့ မနက်ပိုင်းက ကုန်အလေးချိန်များမှုကြောင့် တိမ်းစောင်းနစ်မြုပ်ခဲ့တယ်လို့ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ  ဖော်ပြထားပါတယ်။

နစ်မြုပ်မှုဖြစ်ခဲ့တဲ့ ရေယာဉ်ဟာ ရွှေပြည်စိုးရေယာဉ်အသင်းမှ သိန်းထိုက်အောင်မော်တော်ယာဉ်ဖြစ်ပြီး ရေယာဉ်ပိုင်ရှင် ဦးလှမင်းအောင် ကိုယ်တိုင် မောင်းနှင် လာကာ ယာဉ်ပေါ်မှာ ဒီဇယ်ပေပါအလုံး ၁၇၀ နဲ့ မိသားစုသုံး ကုန်ပစ္စည်းတွေ တင်ဆောင်လာတယ်လို့ ဆိုပါတယ်။

နစ်မြုပ်ရေယာဉ်ပေါ်ပါ ဆီပေပါတွေနဲ့ ကုန်ပစ္စည်းတွေကို ကနီမြို့မ ရဲစခန်းမှူးနဲ့ တပ်ဖွဲ့ဝင်တွေ၊ မြို့နယ်မီးသတ်ဦးစီးမှူးနဲ့ တပ်ဖွဲ့ဝင်တွေက ကုန်ပေါ်ကို ပြန်လည်ဆယ်ယူပေးခဲ့ကြတယ်လို့ သိရပါတယ်။

ရေယာဉ်ပေါ်မှာ မိသားစုခရီးသည် စုစုပေါင်းလူ ၅ ဦးလိုက်ပါလာပြီး ထိခိုက်ဒဏ်ရာရရှိ မှုမရှိကြောင်းနဲ့ ရေယာဉ်ပိုင်ရှင်ကို ရေယာဉ်ပေါ်မှာ ဆီပေပါအလုံး ၁၇၀ နဲ့ ကုန်ခြောက်ပစ္စည်းတွေ ပိုမိုတင်ဆောင်လာလို့ ကနီမြို့မစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013