DVB Logo
Home
မြန်မာသတင်း
ဆေးစွဲမိဘကြောင့် အာဟာရပြတ်ကလေး ဆေးရုံမှဆင်း၊ လူကယ်ပြန်က စောင့်ရှောက်ထား
DVB
·
August 3, 2017
ဆေးစွဲမိဘကြောင့် အာဟာရပြတ်ကလေး ဆေးရုံမှဆင်း၊ လူကယ်ပြန်က စောင့်ရှောက်ထား
1 / 3
Donate to DVB

မူးယစ်ဆေးစွဲနေတဲ့ မိဘကြောင့် အာဟာရပြတ်လို့ ဆေးရုံတက်ကုသနေရတဲ့ ၁ လသား အရွယ်သမီးလေး မနေ့က ဆေးရုံကနေဆင်းသွားပြီဖြစ်ပါတယ်။

မူးယစ်ဆေးစွဲနေတဲ့ မိဘကြောင့် အာဟာရပြတ်လို့ ထွက်ပြေးလာတဲ့ ကလေးငယ် ၄ ဦးထဲ က ၅ နှစ်သားနဲ့ ၂ နှစ်သမီးလေးဟာ ဆေးကုသမှုခံယူရင်း သေဆုံးခဲ့ပါတယ်။

အသက်မသေဘဲ ကျန်ရှိနေသေးတဲ့ ၁၂ အရွယ်သမီးလေးနဲ့ လသားအရွယ်ကလေးကို တော့ နိုင်ငံတော်က စောင့်ရှောက်ထားလိုက်ပါတယ်။

လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနက သူတို့ကို မန္တလေး ချမ်းအေးသာဇံမြို့နယ် လမ်း၃၀/၆၃လမ်းထောင့်က လူကယ်ပြန်သင်တန်းကျောင်းကို ပို့ဆောင် စောင့်ရှောက်ထားလိုက်ပြီလို့ လားရှိုးလူမှုဝန်ထမ်းရုံးမှ ဒုညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က ဒီဗွီဘီကိုပြောပါတယ်။

“ဘယ်ကိုစောင့်လျှောက်ထားလဲဆိုတော့ လူမှုဝန်ထမ်းဌာန မန္တလေးကလေးပြုစုရေး ဌာနကို မနေ့က ပို့ပြီးသွားပြီ။ နိုင်ငံတော်က စောင့်ရှောက်လိုက်ပြီဆိုတော့ သူတို့အပေါ်မှာ အစစအရာရာ ယာယီပေါ့နော်။ မိဘတွေနဲ့ အုပ်ထိန်းသူတွေ အဆင်ပြေတဲ့အချိန်ကျရင် ပြန်လာခေါ်ပေါ့။”

မိုးမိတ်နဲ့ ၂၈ မိုင်လောက်ဝေးတဲ့ ကျောက်လုံးကြီးရွာက ဆေးစွဲနေတဲ့ မိဘကြောင့် အာဟာရ ပြတ်လပ်လို့ ထွက်ပြေးလာတဲ့ ကလေးငယ် ၄ ဦးထဲက ၂ ယောက် သေဆုံးခဲ့ပါတယ်။

သူတို့ဟာ မိုးမိတ်ဆေးရုံကို ရောက်ရှိပြီး နောက်တရက် ဇူလိုင် ၂၄ ရက်နေ့မှာပဲ အသက် ၅ နှစ်အရွယ် သားလေးသေဆုံးခဲ့ပြီး ဇူလိုင် ၂၉ ရက်နေ့မှာတော့ ၂ နှစ်အရွယ် သမီးလေး မိုးကုတ်ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။

လက်ရှိမှာတော့ ၁၂  နှစ်အရွယ်သမီးနဲ့ ၁ လသားအရွယ် သမီးလေး ၁ ဦး ကိုနိုင်ငံတော်က စောင့်ရှောက်ထားလိုက်တာဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013