DVB Logo
Home
မြန်မာသတင်း
မလှိုင်တွင် စိတ်ဝေဒနာသည် အမျိုးသမီးအား အဓမ္မပြုကျင့်သူ ၃ ဦးကို ဖမ်းဆီး
DVB
·
August 3, 2017
မလှိုင်တွင် စိတ်ဝေဒနာသည် အမျိုးသမီးအား အဓမ္မပြုကျင့်သူ ၃ ဦးကို ဖမ်းဆီး
Donate to DVB

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ကြာကန်ရွာမှာ သြဂုတ် ၁ ရက်က  စိတ်ဝေဒနာသည် အမျိုးသမီးတဦးအား အဓမ္မပြုကျင့်သူ ၃ ဦးကို ဖမ်းဆီးအမှုဖွင့်လိုက်တယ်လို့ မလှိုင်မြို့မရဲစခန်းက ပြောပါတယ်။

ဖြစ်စဉ်မှာ မ --- ဟာ ရွာကနေ အမှတ်(၃)ရပ်ကွက် မသန်းသန်ထွေး အိမ်ကို ည ၈ နာရီက ထွက်အလာ ရွာရေကန်နားမှာ ထွန်မင်းသန်း(ခ)မိုးညိုက နောက်ကပြေးလိုက်လာပြီး ဆွဲလှဲကာ အဓမ္မ ၁ ကြိမ် ပြုကျင့်တယ်။ အဲဒီကနေ ဆက်ထွက်လာတော့ ရဲထွန်းနိုင်နဲ့ တွေ့ပြီး ရွာအဝင် ညောင်ပင်နားက တောစပ်မှာ ဆွဲခေါ်တွန်းလှဲကာ အဓမ္မတကြိမ် ပြုကျင့်ချိန် ဘေးနားမှာ အေးကိုက မူးပြီး အိပ်နေတာ ရှိတယ်ဆိုပါတယ်။ မ---ဟာ ကြောက်လန့်ပြီး မအော်ရဲဘဲ အိမ်ပြန်ခဲ့တာပါ။ နောက်နေ့မနက် ၅ နာရီမှာ မသန်းသန်ထွေးတို့ အိမ်ကို ပြန်ထွက်အလာ အေးကို က ရွာအဝင်ရေကန်နားမှာ အဓမ္မ ပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒါတွေကို မိခင်ဖြစ်သူနဲ့ အိမ်နီးချင်းဖြစ်သူတို့ကို ပြောပြပြီးနောက် အမေဖြစ်သူနဲ့အတူ မ---- ကိုယ်တိုင် အမှုလာဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။ မ ---- ဟာ စိတ်ဝေဒနာသည် တဦးလို့လည်း သိရပါတယ်။

ဒုရဲမှူးသန်းထွန်းက “အရင်နေ့ကဖြစ်တာပါ။ ဒီနေ့ အမှုလာဖွင့်တယ်။ တိုင်တန်းချက်အရ ၃ ဦးလုံးကို ဖမ်းထားတယ်” လို့ ပြောပါတယ်။

မလှိုင်မြို့မရဲစခန်းက ထွန်မင်းသန်း၊ ရဲထွန်းနိုင်နဲ့ အေးကို တို့သုံးဦးကို ရာဇသတ်ကြီးပုဒ်မ-၃၇၆ နဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013