
ဖိလစ်ပိုင်နိုင်ငံ ကွီဇွန်မြို့ အစိုးရကျောင်းက ကျောင်းသားငယ်လေးတွေဟာ ထူးခြားတဲ့ စာသင်ခန်းအသစ်မှာ စာသင်ရလို့ ပျော်ရွှင်နေပါတယ်။ သူတို့ရဲ့ စာသင်ခန်းသစ်ကတော့ ခေတ်မီသင်ကြားရေး အထောက်အကူပစ္စည်းမျိုးစုံပါတဲ့ ထရပ်ကားကြီး ဖြစ်ပါတယ်။ သူငယ်တန်းကို ကားနဲ့သင်ကြားတာဟာ ကျောင်းသားကျပ်လွန်းတဲ့ မြို့ပေါ်ကျောင်းတွေရဲ့ပြဿနာကို ဖြေရှင်းလိုက်တဲ့ နောက်ဆုံးမဟာဗျူဟာတခုပဲ ဖြစ်ပါတယ်။ သတင်းထောက် မဒွန်းနား ဗီရိုလာ(Madonna Virola) က ဖိလစ်ပိုင်ကနေ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။











