DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
August 2, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲ တတန်ကို ခုနှစ်သိန်းလေးသောင်းငါးထောင် ပေါက်ဈေးရှိနေပြီး တတန်ကို တသောင်းနှစ်ထောင် ဈေးကျဆင်းသွားပါတယ်။

ပဲစင်းငုံ

ပဲစင်းငုံကတော့ တတန်ကို ငါးသိန်းရှစ်သောင်း ပေါက်ဈေးရှိနေပြီး တတန်ကို တသောင်းသုံးထောင် ဈေးကျဆင်းသွားပါတယ်။

ထန်းလျက်

ထန်းလျက်ကတော့ တပိဿာကို ငွေကျပ် ငါးဆယ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ပေါက်ဈေးက တပိဿာကို တထောင့်တရာ့ငါးဆယ်ကနေ တထောင့်ခြောက်ရာငါးဆယ် ပေါက်ဈေးရှိပါတယ်။

သကြား

သကြားကတော့ ဒီနေ့မှာ တပိဿာကို တထောင့်တရာကနေ တထောင့်လေးရာခုနှစ်ဆယ် ပေါက်ဈေးရှိနေပြီး တပိဿာကို နှစ်ဆယ်ကျပ် ဈေးကျဆင်းသွားပါတယ်။

ပဲပုတ်(ဗမာ)

ပဲပုတ်(ဗမာ)ကတော့ ဒီနေ့မှာ တအိတ်ကို ကိုးသောင်းခြောက်ထောင် ပေါက်ဈေးရှိနေပြီး လေးထောင် ဈေးကျဆင်းသွားပါတယ်။

နှမ်းနက်(စမုံ)

နှမ်းနက်(စမုံ)ကတော့ ဒီနေ့မှာ တအိတ်ကို တသိန်းသုံးသောင်း ပေါက်ဈေးရှိနေပြီး တအိတ်ကို ငွေကျပ် သုံးထောင် ဈေးကျဆင်းသွားပါတယ်။

ဆန်ပြောင်း

မြင်းခြံကုန်စည်ဒိုင်မှာတော့ ဆန်ပြောင်းက တပိဿာကို ခုနှစ်ရာ့နှစ်ဆယ် ပေါက်ဈေးရှိနေပြီး တပိဿာကို ငွေကျပ် ခုနှစ်ဆယ် ဈေးတက်လာပါတယ်။

ကုလားပဲ v2

ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ကုလားပဲ v2 က တတင်းကို လေးသောင်းတထောင့်ငါးရာ ပေါက်ဈေးရှိပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့ အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013