DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမားများ နစ်နာကြေး ဘတ်ငွေ ၁ သန်းကျော် ပြန်ရပြီ
DVB
·
August 2, 2017
မြန်မာအလုပ်သမားများ နစ်နာကြေး ဘတ်ငွေ ၁ သန်းကျော် ပြန်ရပြီ
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မှာ လွန်ခဲ့တဲ့ ၃ နှစ်က မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်ထုတ်ခံရပြီး အလုပ်သမားမှတ်ပုံတင်ကြေးငွေတွေပါ အလိမ်ခံရလို့ သက်ဆိုင်ရာကို တိုင်တန်းခဲ့ရာမှာ တရားရုံးမှာ အလီလီကြားနာစစ်ဆေးပြီးတဲ့နောက် သြဂုတ် ၁ ရက်မှာ နစ်နာကြေးတွေ ပြန်ရပြီဖြစ်ပါတယ်။

အဆိုပါ အလုပ်သမားတွေဟာ ဘန်ကောက်မြို့ စမူပါကန်၊ ကင်ကရောက် ၅၆ လမ်းမှာရှိတဲ့ (YNP) Yar Na Pund public co.ltd  မော်တော်ကားအပိုပစ္စည်းထုတ်လုပ်ရေးစက်ရုံမှာ လုပ်ကိုင်ခဲ့ကြတာဖြစ်ပြီး သူတို့ အလုပ်သမားကတ်တွေ ရရှိဖို့  (DDS) Doung Dao Supply service group co.ltd လို့ခေါ်တဲ့ ကုမ္ပဏီက ကြားကနေ အခကြေးငွေယူပြီး ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဒါပေမယ့် ၅ လ ကြာသည့်တိုင် အလုပ်သမားကတ်မရတဲ့အပြင် သူတို့အလုပ်လုပ်တဲ့စက်ရုံက လက်မှတ်မရှိလို့ အလုပ်ဖြုတ်ခဲ့တာကြောင့်  ငွေလည်းရှုံး အလုပ်လည်းပြုတ်ခဲ့ရတာလို့  အလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးခဲ့တဲ့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ချုပ် ဒါရိုက်တာ ဦးကျော်သောင်းက ဒီဗွီဘီကို ပြောပါတယ်။

“အလုပ်သမားတွေက အဲလိုဆုံးရှုံးမှုရှိတော့ ၂၀၁၃ ဖေဖော်ဝါရီလမှာ ကျနော်တို့ကို အကူအညီေ တာင်းခဲ့တယ်။ အမှုရင်ဆိုင်ဖို့ ပထမဆုံး အလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင်က စရိတ်စကတွေ ထောက်ပံ့ကူညီပေးခဲ့တယ်။ ထိုင်းတောင်ပိုင်းအခြေစိုက် FED  အဖွဲ့က ရှေ့နေငှားရမ်းပေးတယ်။ အဲဒါနဲ့ ကျနော်တို့ ရှေ့နေရှေ့ရပ်တွေနဲ့ စနစ်တကျဆောင်ရွက်တဲ့အခါမှာ တစ်နှစ်ကြာတဲ့ အခါမှာ အမှုနိုင်တယ်။ ဒါပေမယ့် ကားစက်ရုံက ဒီပိုက်ဆံကို မလျော်ရအောင်ဆိုပြီး ရှေ့နေငှားပြီးတော့မှ ပြန်လည်ခုခံတယ်။ အဲဒါနဲ့ ကျနော်တို့က အယူခံတရားရုံးမှာ ထပ်ပြီးတော့ လုပ်ကြရင်းနဲ့ အခုလို ၃ နှစ်ကျော်ကြာသွားတာ။ မနေ့ကမှ ကျနော်တို့ရှေ့နေက တရားရုံးမှာ ပိုက်ဆံတွေ ရောက်နေပြီ။ ကာယကံရှင်အလုပ်သမားတွေကို ဆက်သွယ်ပေးပါ ဆိုပြီးတော့မှ ရှေ့နေက အကြောင်းကြားလာတာ ဖြစ်ပါတယ်ဗျာ။”

အလုပ်ထုတ်ခံရတဲ့ အလုပ်သမားပေါင်း ၁၀၆ ဦးရှိပြီး သူတို့ဆီ လာရောက်တိုင်ကြား ထားသူတွေမှာတော့ ၆၅ ဦးသာရှိကြောင်း၊ အလုပ်သမားတစ်ဦးကို နစ်နာကြေး ၁၆၅၀၀ ဘတ်စီ ရရှိမှာဖြစ်တဲ့အတွက် စုစုပေါင်း ပြန်ရမယ့်နစ်နာကြေးမှာ ဘတ်တစ်သန်းကျော်တယ်လို့ သူကဆက်ပြောပါတယ်။

သက်ဆိုင်ရာအလုပ်သမားတွေအနေနဲ့ ဒီငွေတွေကို ကိုယ်တိုင် လာထုတ်ယူရမှာဖြစ်ပြီး၊ အ လုပ်သမားက သေဆုံးသွားခဲ့ပါက သက်ဆိုင်ရာမိသားစုဝင်တွေက လာရောက်ထု တ်ယူပေးနိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အမှုအခင်းကာလ ရှည်ကြာသွားတာကြောင့် အလုပ်သမားအတော်များများကို ဆက်သွယ်အကြောင်းကြားလို့ မရတော့ကြောင်း၊ မနေ့ညနေကတည်းကနေ ဒီကနေ့ နေ့ခင်းပိုင်းထိ နစ်နာကြေးထုတ်ဖို့ ဆက်သွယ်လာတဲ့ အလုပ်သမား ၂ ဦးတည်းသာ ရှိပြီး ကျန်တဲ့အလုပ်သမားတွေအနေနဲ့  MAT အဖွဲ့ အမှုလိုက်တာဝန်ခံ ဦးဘခက် 087 312 1179 နဲ့  MAT ဒါရိုက်တာ ဦးကျော်သောင်း ဖုန်း 084 670 5727 ကို ဆက်သွယ်လာဖို့  ဦးကျော်သောင်းက တိုက်တွန်းပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013