DVB Logo
Home
မြန်မာသတင်း
အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းမည့် ကျောက်စိမ်းတွဲများအား ကြည့်ရှုခွင့်ပြု
DVB
·
August 2, 2017
အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းမည့် ကျောက်စိမ်းတွဲများအား ကြည့်ရှုခွင့်ပြု
Donate to DVB

၅၄ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲမှာ အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချမယ့် ကျောက်မျက်အတွဲတွေနဲ့ ကျောက်စိမ်းအတွဲတွေကို ကုန်သည်တွေကို ကြည့်ရှုစစ်ဆေးခွင့်ပြုခဲ့ပါတယ်။

ပြပွဲကို နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမမှာ  သြဂုတ် ၂ ရက်နေ့က ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။

ကျောက်မျက်အတွဲတွေ ကြည့်ရှုစစ်ဆေးခွင့်ကို သြဂုတ် ၄ ရက်နေ့အထိ ခွင့်ပြုထားပြီး ကျောက်စိမ်းအတွဲတွေ ကြည့်ရှုစစ်ဆေးခွင့်ကိုတော့ သြဂုတ် ၅ ရက်နေ့အထိ ခွင့်ပြုသွားမှာပါ။

ကျောက်မျက်အတွဲတွေကို သြဂုတ် ၅ ရက်နေ့မှာတော့ အခြေခံဈေး ယူရို ၅၀၀ နဲ့ အထက် သတ်မှတ်တဲ့ ကျောက်မျက်အတွဲတွေ အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချသွားမှာပါ။

ကျောက်စိမ်းအတွဲတွေနဲ့ အချောထည်ကျောက်စိမ်းအတွဲတွေကိုတော့ သြဂုတ် ၆ ရက်က သြဂုတ် ၁၁ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

ကျင်းပပြုလုပ်ခဲ့တဲ့ ကျောက်မျက်ရတနာပြပွဲတွေမှာ ဈေးပြိုင်စနစ်၊ တင်ဒါစနစ်တွေနဲ့ ရောင်းချခဲ့ပြီး ယခု ၅၄ ကြိမ်မြောက်မှာတော့ ကျောက်မျက်ကျောက်စိမ်းအတွဲတွေကို တင်ဒါစနစ်နဲ့ပဲ ရောင်းချတာပါ။

ဒီ ပြပွဲမှာ ကျောက်စိမ်း အတွဲပေါင်း ၆၅၆၁ တွဲနဲ့ ကျောက်မျက် အတွဲ ၃၂၆ တွဲကို တင်ပြရောင်းချသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013