DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေချိုငါးလုပ်ငန်းဥပဒေ ထွက်ပေါ်လာရေး ဆွေးနွေး
DVB
·
August 2, 2017
တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေချိုငါးလုပ်ငန်းဥပဒေ ထွက်ပေါ်လာရေး ဆွေးနွေး
1 / 4
Donate to DVB

တနင်္သာရီတိုင်းဒေသကြီးအတွင်း တိကျခိုင်မာတဲ့ ရေချိုငါးလုပ်ငန်းဥပဒေတခု ထွက်ပေါ်လာရေးအတွက် ရည်ရွယ်ပြီး ရေချိုငါးလုပ်ငန်းဥပဒေ (မူကြမ်း) ဆွေးနွေးပွဲကို မြိတ်မြို့မှာ သြဂုတ် ၁ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။

ရေချိုငါးလုပ်ငန်းဥပဒေတခု ဖြစ်ပေါ်လာဖို့ တိုင်းဒေသကြီးလွတ်တော်က ဦးဆောင်ကြိုးစားနေပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်ခရိုင်မှာ ဆွေးနွေးပြီးဖြစ်တာကြောင့် အခု မြိတ်ခရိုင်မှာ ပြည်သူတွေကို ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ချပြဆွေးနွေးခဲ့တာဖြစ်ပါတယ်။

မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ကျင်းပတဲ့ ရေချိုငါး လုပ်ငန်းဥပဒေ (မူကြမ်း) ဆွေးနွေးပွဲကို တိုင်းအဆင့် ခရိုင်အရာရှိတွေ၊ ရေလုပ်ငန်းရှင်တွေ၊ လွှတ်တော်ကိုယ် စားလှယ်တွေ၊ မြိတ်ခရိုင်အတွင်းမှ ရေချိုလုပ်ငန်းရှင်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက “ရေချိုငါးလုပ်ငန်းက လောလောဆယ်မှာ ဈေးကွက်တခုရှိလာပြီး အလားအလာကောင်းလာပါတယ်၊ တနိုင်တပိုင်ကနေ စီးပွားဖြစ်မွေးတဲ့သူလည်း များလာပါတယ်။ တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ အထူးသဖြင့် ထားဝယ်နဲ့ တနင်္သာရီမှာပိုများပါတယ်။ ဒါကြောင့် တိကျတဲ့ဥပေဒတခု လိုအပ်လာတဲ့အတွက် လာရောက်ဆွေးနွေးတာ ဖြစ်ပါတယ်။ အားနည်းချက်အားသာချက်တွေကို သုံးသပ်ပြီးရင်တော့ ဥပဒေကိုအတည်ပြုဖို့ တင်ပြသွားရမှာပါ ”လို့ ပြောကြားခဲ့ပါတယ်။

တိုင်းအတွင်း ရေချိုငါးလုပ်ငန်းကို ထားဝယ်နဲ့ တနင်္သာရီမြို့နယ်တို့မှာ အဓိကလုပ်ကိုင်နေကြပြီး ဖမ်းဆီးရေးအပြင် မွေးမြူရေးပိုင်းကိုလည်း အားထား လုပ်ကိုင်လာကြတယ်လို့ သိရပါတယ်။

“ရေချိုငါးလုပ်ငန်းဥပဒေကို တနင်္သရီတိုင်းဒေသကြီးနှင့် ရေမြေသဘာဝတူညီတဲ့ ရခိုင်ပြည်နယ်က ဥပဒေကိုမှီငြမ်းပြီး ရေးဆွဲထားတာပါ။ ပြီးပြည်စုံတဲ့ ဥပဒေတော့ မရှိသေးဘူး၊ ဒါကြောင့် တက်ရောက်လာတဲ့ လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများက ဆွေးနွေးပေးပြီး ကောင်းမွန်တဲ့ ဥပဒေတရပ်ဖြစ်ပေါ်လာဖို့ ကျနော်တို့ မျှော်လင့်ထားပါတယ်” လို့ တင်္သာရီတိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်မှပြောကြားပါတယ်။

ရေချိုငါးလုပ်ငန်းဥပဒေ (မူကြမ်း) ကို ထားဝယ်ခရိုင်အတွင်း ဇူလိုင် ၂၆ ရက်နေ့က ဆွေးနွေးခဲ့ပြီးနောက် မြိတ်ခရိုင်တွင် သြဂုတ် ၁ ရက်နေ့က ပြုလုပ်ခဲ့တာပါ။

မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013