DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးတွင် မိရိုးဖလာ နတ်မြင်းရုပ်ပြုလုပ်သည့် လုပ်ငန်းရှင်များ လျော့နည်းလာ
DVB
·
August 2, 2017
တိုက်ကြီးတွင် မိရိုးဖလာ နတ်မြင်းရုပ်ပြုလုပ်သည့် လုပ်ငန်းရှင်များ လျော့နည်းလာ
1 / 5
Donate to DVB

တိုက်ကြီးမြို့မှာ မိရိုးဖလာ နတ်မြင်းရုပ်ပြုလုပ်တဲ့ လုပ်ငန်းရှင်တွေ အရင်က များပြားပေမယ့် အခုနောက်ပိုင်း ဈေးနှုန်းမကိုက်တာကြောင့် ပြုလုပ်သူတွေ နည်းပါးလာနေပါတယ်။

တိုက်ကြီးမြို့နယ် မိရိုးဖလာ နတ်မြင်းရုပ်လုပ်ငန်းပြုလုပ်သူ ဦးဆန်းတင့်က ဒီဗွီဘီကို  “ကျနော်တို့ နတ်မြင်းရုပ်ပြုလုပ်တဲ့ လုပ်ငန်းကို လုပ်လာတာ မိဘတွေလက်ထက်ထဲကပါ။ နတ်မြင်းရုပ်ကို အသားပွဖြစ်တဲ့ လက်ပံသား၊ ဂွေးသားစတဲ့ အသားနဲ့ပြုလုပ်ပြီး ခေါင်းခုတ်၊ ဇာတ်ခုတ်၊ ခြေလက်ခုတ်၊ ကိုယ်ထည်ခုတ်၊ ရုပ်လုံးဖော်၊ ဆေးချယ်နဲ့ မှန်စီရွှေချဆိုပြီး အဆင့်ဆင့်လုပ်ရပါတယ်။ မြင်းရုပ်တခုပြီးသွားရင် ကုန်ကျစရိတ်က ၁၅၀၀ကျပ်ကျပါတယ်။ ပန်ရောင်းတော့ ၁၈၀၀ ကျပ်ရတယ်။ အဲဒီမှာကုန်ကျစရိတ်က မမျှဘူးပေါ့။ နွေဘက်မှာ ရောင်းအားကောင်းပေမဲ့ အခုလိုမိုးရာသီမှာတော့ ရောင်းအားကျပြီး စီးပွားရေးအနေနဲ့ မကိုက်ပါဘူး။ မိရိုးဖလာလုပ်ငန်းဖြစ်တဲ့ အတွက်ပြုလုပ်နေရပေမယ့် အရင်က တိုက်ကြီးမြို့နယ်မှာ နတ်မြင်းရုပ်လုပ်တဲ့ လုပ်ငန်းလုပ်ကိုင်သူများပေမယ့် အခုနောက်ပိုင်း ဈေးနူန်းမကိုက်တဲ့အတွက် လုပ်ကိုင်သူ နည်းသွားတယ်” လို့ ဦးဆန်းတင့်က ပြောပါတယ်။

“အသက် ၁၅ နှစ်အရွယ်ကတည်းက နတ်မြင်းရုပ်ခုတ်တဲ့အလုပ်ကို စတင်လုပ်ခဲ့တာ၊ အခုဆို အသက် ၅၉ နှစ်ရှိပါပြီ/ အရင်က ကိုယ်တိုင်စီးပွားရေးအဖြစ် လုပ်ကိုင်ခဲ့ပေမယ့် အရင်းကများပြီး ဈေးကွက်မှာ ဈေးမရတော့ ဆက်လက်ရပ်တည်ဖို့ ခက်သွားတယ်လေ။ ဒါကြောင့် အခု အငှားခုတ်တဲ့သူအဖြစ် လုပ်ရတာပါ။ တနေ့ကို ၆၀၀၀ ကျပ်ရပြီး လက်ခနည်းတဲ့အတွက် မိသားစုစားဝတ်နေရေးက အခုကုန်ဈေးနူန်းနဲ့ မလောက်ပါဘူး” လို့ ယခင်နတ်မြင်းရုပ် လုပ်ငန်းလုပ်ကိုင်သူ ဦးမောင်ထွန်းက ajပာပါတယ်။

တိုက်ကြီးမြို့နယ်မှာ ယခင်က ရိုးရာ နတ်မြင်းရုပ်လုပ်ငန်းကို မိရိုးဖလာလုပ်ငန်းအဖြစ် လုပ်ကိုင်သူဦးရေ ၂၀ ကျော်ရှိပြီး ပြည်၊ မင်းလှ၊ ပေါင်းတည်၊ ရန်ကုန်လှည်းကူးစတဲ့ မြို့တွေကို ပို့ဆောင်ရောင်းချကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အခုအခါမှာတော့ သစ်သားဝယ်ယူရာမှာ လိုသလောက်မရတာ၊ ဈေးကွက်မှာ ဈေးနူန်းမရရှိတာ၊ မိုးရာသီရောင်းအားကျတာ၊ ယခင်က ဆေးရေးတွေ ပြုလုပ်ရောင်းချရပေမယ့် အခုအချိန်မှာတော့ မှန်စီရွေချမြင်းရုပ်တွေကိုသာ အသုံးများလာတဲ့အတွက် ကုန်ကျစရိတ်ပိုများလာလို့ လုပ်ကိုင်သူနည်းပါလာခဲ့ပြီး လုပ်ငန်းရှင် ၇ ဦးသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

သတင်း-မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013