DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် H5N1 ကင်းစင်ကြောင်း ပြသသည့်အနေဖြင့် ကြက်သားစားပွဲကျင်းပ
DVB
·
August 2, 2017
မုံရွာတွင် H5N1 ကင်းစင်ကြောင်း ပြသသည့်အနေဖြင့် ကြက်သားစားပွဲကျင်းပ
1 / 4
Donate to DVB

ကြက်ငှက်တုပ်ကွေး H5N1 ကင်းစင်မှုကို ပြသတဲ့အနေနဲ့ ကြက်သား၊ ကြက်ဥတွေကို ပြည်သူတွေ ရဲရဲတင်းတင်း စားရဲအောင်ရည်ရွယ်ပြီး ကြက်သားစားပွဲကို မုံရွာမြို့ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးမှာ သြဂုတ် ၂ ရက်နေ့ မနက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။

ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးချစ်က “အခုလို ပြုလုပ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ မွေးမြူရေးလုပ်ငန်းရှင်တွေ ထုတ်လုပ်တဲ့ ကြက်သား၊ ကြက်ဥတွေကို ဒေသခံပြည်သူတွေအနေနဲ့ ရဲရဲတင်းတင်းစားရဲအောင်၊ H1N1 ဖြစ်နေတာနဲ့ ကြက်ဥကြက်သားနဲ့ ဘာမှမဆိုင်ဘူးဆိုတာ သိအောင်၊ H1N1 ဟာ ရာသီတုပ်ကွေးဖြစ်တယ်။ အဲဒီတော့ ကြက်ဥကြက်သားမစားရဲအောင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ H5N1ရောဂါပိုးလုံးဝမရှိဘူးဆိုတာ ပြည်သူတွေကို ချပြချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာပါ။"

ကြက်သားစားပွဲတော်ကို မုံရွာမြို့ရှိ ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူတွေနဲ့ ကြက်မွေးမြူရေးလုပ်ငန်းရှင်တွေ ပူးပေါင်းပြုလုပ်ခဲ့တာဖြစ်ပြီး ကြက်သားနဲ့ ငုံးဥတွေကိုလည်း စားသုံးပြသခဲ့ကြပါတယ်။

လတ်တလောမှာတော့ စစ်ကိုင်းတိုင်းဒေသကြီးမှာ H5N1 ရောဂါကူးဆက်မှု မရှိသေးပေမယ့် တခြားတိုင်းဒေသကြီးတချို့မှာတော့ ကူးဆက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် မွေးမြူရေး ကြက်ခြံတချို့ကိုလည်း ရှင်းလင်းခဲ့ရကြောင်း သိရပါတယ်။

ရန်နိုင်စိုး

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013