DVB Logo
Home
မြန်မာသတင်း
လက်နက်နှင့်မူးယစ်ဆေး သယ်​​လာသည့်ယာဉ်ကို စစ်ဆေးရာ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး
DVB
·
August 2, 2017
လက်နက်နှင့်မူးယစ်ဆေး သယ်​​လာသည့်ယာဉ်ကို စစ်ဆေးရာ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး
Donate to DVB

ကရင်ပြည်နယ် ဘားအံ-မြဝတီကားလမ်း၊ ကော့ကရိတ်မြို့နယ်၊ ရေပူကြီးကျေးရွာအုပ်စု၊ ညီညာသာလင်းကျေးရွာ၊ အောင်ချမ်းသာကျောင်းအနီးမှာ ဇူလိုင် ၃၁ ရက် ည ၈နာရီခွဲလောက်က  မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့ယာဉ်ကို စစ်ဆေးရာ သေနတ်နဲ့ပစ်ခတ် ထွက်ပြေးသွားတာကြောင့် ပိတ်ဆို့ဖမ်းဆီးခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်းအရ ပူးပေါင်းအဖွဲ့က ပိတ်ဆို့ဖမ်းဆီးစစ်ဆေးရာမှာ သေနတ်နဲ့ပစ်ခတ်ပြီး ထက်ပြေးတဲ့အတွက် လိုက်လံဖမ်းဆီးရာမှာ မူးယစ်ဆေးဝါးနဲ့အတူ လက်နက်ခဲယမ်းတွေပါ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဖြစ်စဉ်မှာ ဘားအံခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့မှ ရဲအုပ်သက်စိုးဦး ဦးစီးတဲ့ပူးပေါင်းအဖွဲ့က မူးယစ်ဆေးသတင်းအရ ကျုံဒိုးမြို့ဘက်ကနေ ထွန်းရီ မောင်းနှင်ပြီး ယာဉ်ပေါ်မှာ ရဲမင်းနဲ့ စောအောင်မြင့်တို့ လိုက်လာတဲ့ နံပါတ်မပါ HONDA FITအမျိုးအစား ယာဉ်ကို စစ်ဆေးရာ အစစ်ဆေးမခံဘဲ သေနတ်နဲ့ ၅ ချက် ပစ်ခတ်ခုခံပြီး မောင်းနှင်ထွက်ပြေးသွားလို့ လိုက်လံပိတ်ဆို့ဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးမိတဲ့ စောင်အောင်မြင့်ထံက ၅.၅၆ ကျည် ရှစ်တောင့်ပါ ကျည်ဘောက်၊ M16 အမျိုးအစား မောင်းပြန်သေနတ်တလက်၊ ရဲမင်း လွယ်ထားတဲ့ လွယ်အိတ်အတွင်းမှ 91 အမျိုးအစား လက်ပစ်ဗုံးတလုံး၊ ကျည်နှစ်ဆယ်ပါ M16 သေနတ် ကျည်အိမ်နှစ်ခု၊ USPENCERS INDIVIDUAL EQUIPMENT BELTLC 1 စာတန်းပါ အင်္ကျီ၊ အမည်းရောင် အီကွင်းမင့်တစုံတို့ကို တွေ့ရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ယာဉ်ပေါ်က သားရေလွယ်အိတ်အတွင်း WY ဆေးပြားစုစုပေါင်း ၁၀၀၀ ပြား၊ ဆေးရှူရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်တွေ၊ ၅.၅၆ ကျည်ခွံ ၅ ခု၊ လက်နက်ကိုင်အဖွဲ့အစည်း တံဆိပ်ပါ အစိမ်းရောင်ပြောက်ကျား ဦးထုပ်တလုံးနဲ့ တံဆိပ်မပါ ပြောက်ကျား ဦးထုပ်တစ်လုံးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ နဘူးကျေးရွာ အုပ်စု၊ နို့ထီးလယ်ကျေးရွာ နေထိုင်သူ စောထိကွေ(ခ)ထွန်းရီ၊ (၂၈-နှစ်)၊ ရွာ၊ ရဲမင်း(ခ)ကမွီး၊ (၄၁-နှစ်)၊ စောအောင်မြင့်(၅၀နှစ်) တို့သုံးဦးကို ရဲအုပ်သက်စိုးဦးက တရားလို ပြုလုပ်ပြီး ကျုံဒိုးနယ်မြေရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျုံးဒိုးရဲစခန်းကို ဆက်သွယ်မေးမြန်းရဖို့ ကြိုစားပေမယ့် ပြန်လည် ဖြေကြားခြင်းမရှိပါဘူး။

ပြည်နယ်ရဲတပ်ဖွဲ့မှူးကြီးကို ဖမ်းဆီးရမိသူတွေဟာ လက်နက်ကိုင်အဖွဲအစည်းနဲ့ ပတ်သက်မှု ရှိ၊ မရှိ ဆက်သွယ်မေးမြန်းရာ “ဒါကတော့ ပြောလို့မရပါဘူး” လို့ ဒီဗွီဘီကို ပြန်လည်ဖြေကြားပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013