DVB Logo
Home
မြန်မာသတင်း
ကင်ဆာသုတေသနဆိုင်ရာ ဆေးသိပ္ပံထူးချွန်ဆု မြန်မာအမျိုးသမီးပညာရှင် ရရှိ
DVB
·
August 2, 2017
ကင်ဆာသုတေသနဆိုင်ရာ ဆေးသိပ္ပံထူးချွန်ဆု မြန်မာအမျိုးသမီးပညာရှင် ရရှိ
Donate to DVB

ကင်ဆာသုတေသနဆိုင်ရာ ဆေးသိပ္ပံထူးချွန်ဆုတဆုဖြစ်တဲ့ Pershing Square Sohn ဆုကို မြန်မာလူငယ်အမျိုးသမီး သိပ္ပံပညာရှင် ဒေါက်တာရည်မွန်အေး ရရှိခဲ့တယ်လို့ အမေရိကန်သံရုံးရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ဒီကနေ့ ဖော်ပြထားပါတယ်။

ဒီဆုဟာ ကင်ဆာရောဂါဆိုင်ရာ သုတေသနနဲ့ ပတ်သက်ပြီး ထူးထူးချွန်ချွန် လုပ်ဆောင်နေတဲ့ အမေရိကန်လူငယ်သိပ္ပံပညာရှင်တွေကို Pershing Square Shon ကင်ဆာ  သုတေသနအဖွဲ့က ရွေးချယ်ချီးမြှင့်တာ ဖြစ်ပါတယ်။

ဒေါက်တာရည်မွန်အေးဟာ ၂၀၁၇ ခုနှစ်အတွက် Pershing Square Shon ကင်ဆာသုတေသနအဖွဲ့က ရွေးချယ်ချီးမြှင့်တဲ့ လူငယ် ၆ ဦးထဲမှာ တဦးအပါအဝင်ဖြစ်ပြီး ဆုရရှိသူတွေကို ဆုကြေးငွေအဖြစ် ကင်ဆာသုတေသန လုပ်ငန်းတွေအတွက် တနှစ်ကို အမေရိကန်ဒေါ်လာ ၂ သိန်းနဲ့ ၃ နှစ်ဆက်တိုက် ချီးမြှင့်တာပါ။

လက်ရှိ ကင်ဆာသုတေသန ပြုလုပ်ချက်ကနေ ဘာတွေ အထောက်အကူပြုနိုင်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဗွီအိုအေသတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းချက်မှာတော့ သူက ခုလိုဖြေခဲ့တာပါ။

“ကျူမာအကျိတ်ကို ပျောက်ကင်းစေနိုင်မယ့် ဖြစ်နိုင်စရာလမ်းကြောင်းကို ကျမတို့ တွေ့ထားပါတယ်။ ဒါကြောင့် ကင်ဆာနဲ့ သက်ဆိုင်တာပဲဖြစ်ဖြစ်၊ ကျူမာနဲ့ သက်ဆိုင်တာပဲဖြစ်ဖြစ် ပျောက်ကင်းသက်သာစေနိုင်တဲ့ လမ်းကြောင်း ဖြစ်လာမှာပါ။ ကင်ဆာရောဂါ ပျောက်ကင်းနိုင်မယ့် ဆေးဝါးဖော်ထုတ်နိုင်ဖို့ ကျမတို့ သုတေသနပြုချက်ကရလာမယ့် နည်းလမ်းတွေက အထောက်အကူပေးမှာ ဖြစ်တာကြောင့် Sohn ဆုက ကျမတို့ သုတေသန ဓာတ်ခွဲခန်းအတွက် ထောက်ပံ့တာဖြစ်ပါတယ်။”

သူ့အနေနဲ့ တချိန်မှာ မြန်မာနိုင်ငံအတွက်လည်း အကျိုးပြုလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

“ကျမတို့ မြန်မာနိုင်ငံမှာ ပညာရေးအဆင့်အတန်း ဆိုးနေတဲ့အချိန်မှာ ရည်မှန်းချက်တွေနဲ့ အောင်မြင်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ကြိုးစားခဲ့တာ။ ဒါကြောင့် မြန်မာကျောင်းသူ၊ ကျောင်းသားတွေလည်း စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ကြိုးစားကြပါလို့ ကျမ တိုက်တွန်းချင်ပါတယ်။ အမိမြန်မာနိုင်ငံကို တချိန်မှာ အကျိုးပြန်ပြုနိုင်ဖို့ စိတ်လည်းရှိတယ်၊ ဒီအတွက်လည်း ကြိုးစားနေတာပါ။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013