DVB Logo
Home
မြန်မာသတင်း
လူငယ်များမူးယစ်ဆေး သုံးစွဲမှုပပျောက်ရေး အလုပ်ရုံဆွေးနွေးပွဲ ဗန်းမောက်တွင် ပြုလုပ်
DVB
·
August 2, 2017
လူငယ်များမူးယစ်ဆေး သုံးစွဲမှုပပျောက်ရေး အလုပ်ရုံဆွေးနွေးပွဲ ဗန်းမောက်တွင် ပြုလုပ်
1 / 5
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ဗန်းမောက်မြို့တော်ခန်းမမှာ လူငယ်တွေ မူးယစ်ဆေးဝါး သုံးစွဲမှု ပပျောက်ရေးဆိုင်ရာ အလုပ်ရုံဆွေးပွဲကို သြဂုတ် ၁ ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။

လူငယ်တွေ မူးယစ်ဆေးသုံးစွဲမှု ပပျောက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရတဲ့ရည်ရွယ်ချက်ကို မူးယစ်ဆေးသုံးစွဲမှု ပပျောက်ရေးကွန်ရက် ကဒူးလူငယ်ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ကိုးသန်းဇော်ဦးက အခုလိုပြောပါတယ်။

“ကျနော်တို့ဒေသ မှာ ဖြစ်ပျက်နေတဲ့ မူးယစ်ဆေးဝါးသုံးစွဲနေမှုဟာလည်း အဓိကပြဿနာအဖြစ်တွေ့ရတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ကနေစပြီး ဒီမူးယစ် ဆေးဝါးတွေကို ကျနော်တို့ကနေစပြီး အမြင်ဖွင့်တဲ့လက်ကမ်းစာစောင်တွေ ဖြန့်ဝေတဲ့ လုပ်ငန်းကို စပြီးလုပ်ခဲ့တယ်။ မနှစ်ကလည်း အင်းတော်ရယ်၊ ဗန်းမောက်ရယ်၊ ပင်လည်ဘူးရယ်မှာ ကျေးရွာ ၃၀ ကျော်မှာ လက်ကမ်း စာစောင်တွေဖြန့်ဝေခြင်းတွေစပြီးမှ ပြည်သူ လူထုတွေကနေ တောင်းဆိုလာတဲ့တုံ့ပြန်လာတဲ့ အသံတွေကိုယူပြီးမှ ကျနော်တို့ကနေ အထက်ကို တင်ပြရမယ့်လုပ်ငန်းတွေကိုလည်း ပိုပြီးလုပ်ဖို့လိုတယ်။ ၂၀၁၇ ရောက်လာတဲ့အခါမှာ လက်ကမ်းစာစောင်ဝေတာနဲ့ ကျနော်တို့ဒေသရဲ့ မူးယစ်ဆေးဝါးပြဿနာကိုဖြေရှင်းလို့မရတော့ဘူး။ ဘယ်လိုလုပ်ကြမလဲဆိုတဲ့ ဆွေးနွေးပွဲပုံစံကို ကျနော်တို့ ဆွေးနွေးဖို့လိုလာပြီဆိုတဲ့အခါကျတော့ ခုလိုဆွေးနွေး ပွဲဖြစ်လာတာ” ပြောပါတယ်။

ညနေပိုင်းမှာတော့ မူးယစ်ဆေးဝါး သုံးရခြင်းရဲ့ အားနည်းချက်တွေနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုအပေါ် ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ဖော်ထုတ်တာ၊ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ပတ်သက်ပြီး ဒေသတွင်း စိန်ခေါ်မှုတွေနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှု လျော့ချ ရေးအတွက် အခွင့်အလမ်း ဆွေးနွေးတာတွေကို တက်ရောက်လာကြတဲ့ ဒေသခံပြည်သူတွေက အုပ်စုဖွဲ့ ဆွေးနွေးသုံးသပ်ခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲကို ဗန်းမောက်မြို့နယ် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးပြည့်ဖြိုးငြိမ်း၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ဗန်းမောက်နဲ့ အင်းတော်မြို့နယ်အတွင်းက ပြည်သူတွေ တက် ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ကိုကျော်(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013