DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့တွင် ၉ တန်းကျောင်းသူတဦး ဆွဲကြိုးချ သေဆုံးမှုဖြစ်ပွား
DVB
·
August 2, 2017
မြိတ်မြို့တွင် ၉ တန်းကျောင်းသူတဦး ဆွဲကြိုးချ သေဆုံးမှုဖြစ်ပွား
1 / 4
Donate to DVB

တနင်္သာတိုင်း၊ မြိတ်မြို့မှာ ၉ တန်းကျောင်းသူတဦး သြဂုတ် ၁ ရက် ညနေပိုင်းက ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ရဲက ပြောပါတယ်။

မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၊ မြို့သစ် (၅)၊ ဘီအိုစီလမ်းမှာ နေထိုင်တဲ့ မချောစုဝင်း ၁၄ နှစ်က နေအိမ်အပေါ်ထပ်မှာ ဆွဲကြိုးချသေဆုံးနေတာလို့ မြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူး မြင့်လွင်က ပြောပါတယ်။

“အခင်း မဖြစ်ပွားခင်တရက်က ကျောင်းသူလေးက ရည်းစားနဲ့ ချိန်းတွေ့ခဲ့တယ်လို့ သိရတယ်။  ဒါကိုသူ့ရဲ့အစ်ကိုဖြစ်သူက တံမြက် စည်းနဲ့  ၄၊ ၅ ချက်လောက်ရိုက်ပြီး ဆုံးမခဲ့တယ်။ ဒီနေ့ သြဂုတ်လ ၁ ရက်နေ့ အစ်ကိုဖြစ်သူက ညနေပိုင်းမှာ ကျူရှင်ပို့ဖို့ဆိုပြီး နေအိမ်အပေါ်ထပ်ကိုတက်ပြီး သွားခေါ်မှ ကျောင်းဝတ်စုံနဲ့ ဆွဲကြိုးချ သေဆုံးနေခဲ့တာပါ” လို့ ပြောပါတယ်။

ဆွဲကြိုးချသေဆုံးခဲ့တဲ့ မချောစုဝင်းရဲ့ မိခင်ဖြစ်သူက အခင်းဖြစ်ပွားနေချိန် ရန်ကုန်မြို့ကို ဆေးကုသဖို့ ရောက်ရှိနေခဲ့တယ်လို့လည်း သိရပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီးမြိတ်မြို့နယ် ရဲစခန်းက သေမှုသေခင်းအမှတ် (၃၆/၂၀၁၇) နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

မြတ်ထွဋ်(မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013