DVB Logo
Home
မြန်မာသတင်း
ဟားခါးတွင် A(H1N1) သံသယရှိ ကျန်းမာရေးဝန်ထမ်းတဦး ဆေးကုသမှုခံယူနေ
DVB
·
August 2, 2017
ဟားခါးတွင်  A(H1N1) သံသယရှိ ကျန်းမာရေးဝန်ထမ်းတဦး ဆေးကုသမှုခံယူနေ
Donate to DVB

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မကနေ A(H1N1) လို့ ယူဆရတဲ့ လူနာအမျိုးသမီး တဦးအား သြဂုတ် ၁ ရက်နေ့က ဟားခါးပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းကုသပေးနေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်မှာ ထန်တလန်မြို့နယ်၊ မှောင်တလန်ကျေးရွာ ကျန်းမာရေးကြီးကြပ်(၁)မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာမတဦးဟာ အစည်းအဝေး တက်ရောက်ဖို့ ဇူလိုင် ၂၉ ရက်က ထန်တလန်မြို့ကို သွားရောက်စဉ် နှာစေး၊ ကိုယ်ပူပြီး ဖျားနေသည့်အတွက် ထန်တလန်ဆေးရုံတွင် ပြသရာ ဆရာဝန်ကြီးများက H1N1 ရောဂါသံသယရှိလို့ ဟားခါးမြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးကို စစ်ဆေးကုသမှုခံယူဖို့ လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ပြပါတယ်။

ဟားခါးပြည်နယ်ပြည်သူ့ဆေးရုံကြီးမှ လူနာရဲ့ရောဂါပိုးအား သိရှိနိုင်ဖို့ ရန်ကုန် အမျိုးသားဓာတ်ခွဲခန်းကို ဆက်လက်ပေးပို့ဆောင်ရွက်နေပြိး လူနာကို ပြည်နယ်ပြည်သူ့ဆေးရုံကြီးမှာ အထူးကြပ်မတ် ကုသပေးနေတယ်လို့ ဆိုပါတယ်။

သြဂုတ်လ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီအထိ မြန်မာနိုင်ငံလုံးအတိုင်းအတာအရ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါကြောင့် ဆေးရုံတက်ရောက်ကုသနေသူ လူနာ ၂၄၅ ဦးရှိခဲ့ပြီး အဲဒီထဲက A(H1N1) ရောဂါပိုး တွေ့ရှိသူ ၇၆ ဦး၊ သေဆုံးသူ ၁၂ ဦး ရှိတယ်လို့ အားကစားနဲ့ ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ဒါကြောင့် လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါနဲ့ ဆေးရုံတက်ရောက်သူမှာ သေဆုံးမှုနှုန်း ၄.၈ ရာခိုင်နှုန်းဖြစ်ကြောင်း ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013