DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ် အခြေခံပညာကျောင်းများတွင် Tablet အသုံးပြု ပညာသင်ကြားနေ
DVB
·
August 2, 2017
မွန်ပြည်နယ် အခြေခံပညာကျောင်းများတွင် Tablet အသုံးပြု ပညာသင်ကြားနေ
1 / 2
Donate to DVB

မွန်ပြည်နယ်ရှိ အခြေခံပညာ ကျောင်း ၈ ကျောင်းမှာ Tablet နဲ့ သင်ကြားပေးနေပြီး ကျန်အခြေခံပညာကျောင်းတွေအတွက်လည်း အကောင်အထည်ဖော်ဆောင်သွားမယ်လို့ မွန်ပြည်နယ် အခြေခံပညာ ညွှန်ကြားမှု ဦးစီးဌာနက ပြောပါတယ်။

ဘီလင်းမြို့နယ်ရှိ အထက တောင်စွန်း အထက်တန်းကျောင်းအပါအ၀င် ပေါင်မြို့နယ်ရှိ ဇင်းကျိုက်နဲ့ နတ်ကြီးချောင် အထက်တန်းကျောင်း ၂ ကျောင်း၊ ချောင်းဆုံမြို့နယ်ရှိ အထက်တန်းကျောင်း ၂ ကျောင်း၊ ကျိုက်မရောမြို့နယ်ရှိ အထက်တန်းကျောင်း ၂ ကျောင်း၊ သံဖြူဇရပ်မြို့နယ်ရှိ အထက်တန်းကျောင်းတွေမှာ Tablet အသုံးပြုကာ သင်ကြားပေးနေတာပါ။

“မွန်ပြည်နယ်မှာတော့ ၈ ကျောင်းပေါ့၊ တကျောင်းကို Tablet ၉၉ လုံးစီ ပေးထားပြီးပါပြီ။ သံဖြူဇရပ်က ကျိုက္ခမီကျောင်းမှာ သင်တန်းတွေပို့ချနေတာတွေ ရှိပါတယ်” လို့ အခြေခံပညာညွှန်ကြားမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းမြင့်ဦးက ပြောပါတယ်။

ဒါ့အပြင် အခြေခံပညာကျာင်းအားလုံး Tablet နဲ့ သင်ကြားနိုင်အောင် တိုးချဲ့သင်ကြားပေးဖို့ ရှိတယ်လို့ ဆိုပါတယ်။

“၇ တန်း၊ ၈ တန်းနဲ့ ၉ တန်းတွေကို သင်ကြားပေးသွားမှာပါ။ ၁၀ တန်းကိုလည်း အလျဉ်းသင့်သလို သင်ကြားပေးသွားမယ်။ ယူနက်စကို (ကုလသမဂ္ဂ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ကြီး) ကတော ၂ နှစ် ထောက်ပံ့ပေးတာပါ။ နောက်ပိုင်းကျရင်တော့ ကျနော်တို့ ပညာရေးဦးစီးဌာနကပဲ ဆက်လက်လုပ်ဆောင်သွားဖို့လည်း ရှိနိုင်ပါတယ်။ နောက်ပိုင်း ပညာသင်ထောက်ပံ့ကြေးတွေကို နိုင်ငံတော်ဘက်ဂျက်ကနေပြီးတော့ ထောက်ပံ့သွားမလား မပြောတတ်သေးဘူး”

Tablet အသုံးပြုမှုကို ကျောင်းသားတွေကို စာသင်ချိန်မှာ ခွင့်ပြုထားပေမယ့် ဆရာ/ဆရာမတွေကိုတော့ သင်ကြားရေးနဲ့ ပတ်သက်ပြီး လိုအပ်တဲ့အချိန်တိုင်း အသုံးပြုနိုင်ဖို့ စဉ်ထားကြောင်း သိရပါတယ်။

တက္ကသိုလ်ဝင်တန်းကျောင်းသားတဦးရဲ့ မိခင်တဦးက "ခေတ်နဲ့အညီ တိုးတက် လာတဲ့အတွက် ကောင်းပါတယ်။ Tablet တွေကို စာသင်ချိန်မှာ သင်ကြားပေးတဲ့အတွက် Game ဆော့နေမှာလည်း မပူရတော့ဘူး၊ တခြားလေ့လာစရာတွေအတွက် အသုံးပြုရလို့ မိဘတယောက်အနေနဲ့ ၀မ်းသာပါတယ်” လို့ ပြောပါတယ်။

အခုလို မြို့ကြီးတွေမှာ စီစဉ်ပေးသလို နယ်ဘက်က တောရွာကျောင်းတွေကိုလည်း ထောက်ပံ့ပေးစေလိုကြောင်း သထုံမြို့နယ် အမက (လွန်) ကော့လှိုင်း ကျောင်းအုပ်ဆရာကြီး ဦးဖြူက ပြောပါတယ်။

“နည်းပညာပစ္စည်းတွေ ထောက်ပံ့ပေးတော့ နည်းပညာနဲ့ ကျောင်းသားတွေ ရင်းနှီးကျွမ်းဝင်သွားမှာပါ။ ကျနော်တို့ကျောင်းဆိုရင် လျှပ်စစ်မီးလည်း မရှိဘူး၊ အိမ်သာနဲ့ ရေတွေ အခက်အခဲလည်း ရှိတယ်၊ ဒါလေးတွေကိုလည်း ဖြစ်နိုင်ရင်တော့ လုပ်ပေးစေချင်ပါတယ်။ Tablet နဲ့ ပညာသင်ကြားမယ်ဆိုလို့ ၀မ်းသာပါတယ်။”

၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ စတင်ကာ မြန်မာတနိုင်ငံလုံးအတိုင်းအတာ အရ ကျောင်း ၃၁ ကျောင်းမှာ Tablet အသုံးပြု ပညာသင်ကြားပေးနေတာပါ။

အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013