DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် တရက်လျှင် မြန်မာနိုင်ငံသား ရာနှင့်ချီ A(H1N1) ကာကွယ်ဆေးထိုးနေ
DVB
·
August 1, 2017
မဲဆောက်တွင် တရက်လျှင် မြန်မာနိုင်ငံသား ရာနှင့်ချီ A(H1N1) ကာကွယ်ဆေးထိုးနေ
1 / 3
Donate to DVB

 

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က အပြည်ပြည်ဆိုင်ရာဆေးရုံမှာ တရက်ကို မြန်မာ နိုင်ငံသား အယောက် ၃၀၀ ကနေ့ ၆၀၀ အထိ ရာသီတုပ်ကွေးရောဂါ A(H1N1) ကာကွယ်ဆေး ထိုးပေးနေတယ်လို့ ဆေးရုံညွန်ကြားရေးမှူး Somchate Jittrakarn က ပြောပါတယ်။

လတ်တလော မြန်မာနိုင်ငံအတွင်းမှာ ရာသီတုပ်ကွေးရောဂါဖြစ်ပွားနေတာကြောင့် အိမ်နီးနီးချင်း ထိုင်းနိုင်ငံ မဲဆောက်မြို့ ပြည်သူ့ဆေးရုံမှာ လာရောက်ထိုးနေကြတာဖြစ်ပါတယ်။

ဒီကာကွယ်ဆေးဟာ တုပ်ကွေးရောဂါပိုး အမျိုးအစားပေါင်း ၁၀၀ ကျော် ရှိတဲ့အထဲက လက်ရှိဖြစ်နေတဲ့ ရာသီတုပ်ကွေးအပါအ၀င် လေးမျိုးလောက်ကို ကာကွယ်ပေးနိုင်တယ်လို့ မဲဆောက်ဆေးရုံ တာဝန်ရှိသူက ပြောပါတယ်။

ဆေးရုံညွှန်ကြားရေးမှူး Somchate Jittrakarn က “အခုလို ထိုးပေးနေတာ စတာ တလလောက်ရှိပြီ၊ ခုတလော ရာသီတုပ်ကွေးနဲ့ပတ်သက်ပြီး လူတွေက စိုးရမ်ပူပန်မှုတွေရှိတယ်။ ဒါကြောင့် လူတွေက ရာသီတုပ်ကွေးမဖြစ်ဖို့ ကာကွယ်တဲ့အနေနဲ့ လုပ်ဆောင်ကြတာပါ။ အထူးသဖြင့် အသက်ကြီးပိုင်းတွေနဲ့ နာတာရှည်ရောဂါအခံရှိသူတွေ သို့မဟုတ် အသက်ရှူ လမ်းကြောင်းနဲ့ ပတ်သက်တဲ့ ရောဂါသူတွေအနေနဲ့ ဒီကာကွယ်ဆေးကို ထိုးသင့်ပါတယ်” လို့ ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ရာသီတုပ်ကွေး A(H1N1) ရောဂါပိုး ကူးစက်ခံရသူ ၆၃ ရှိတဲ့အထဲက သေဆုံးသူ ၁၂ ယောက်ထိ ရှိလာပြီးနောက် ကူးစက်ခံရမှာကို စိုးရိမ်ပြီး ကာကွယ်ဆေးထိုးနှံချင်သူတွေ များပြားလာတာပါ။

ကာကွယ်ဆေးလာထိုးတဲ့မြန်မာနိုင်ငံဘက်ခြမ်းကို ဦးကြည်စိုးကတော့ “ကျနော် H1N1 ကာကွယ်ဆေးလာထိုးတာပါ။ ကြိုတင်ကာကွယ်တဲ့သဘောပေါ့။ မဖြစ်ခင်မှာ ကြိုတင်ကာကွယ်တာက ဖြစ်တာနဲ့စာရင်တော့ ကာကွယ်ပြီးသားဖြစ်တာပေါ့။ ကျနော်တို့နိုင်ငံမှာ ဆေးဝါးတွေက မရောက်သေးတာလည်း ပါတယ်လေ။ နောက်အခု ဒီဘက်ကမ်းကျတော့ ကိုယ့်နဲ့ နီးလည်းနီးတယ် အခြေအနေလည်းပေးတာနဲ့ လာထိုးတာပါ” လို့ ပြောပါတယ်။

maesot hospitalမဲဆောက်ဆေးရုံကြီးမှာ တုပ်ကွေးကာကွယ်ဆေး တလုံးကို ဘတ် ၅၀၀ ပေးရပြီး မြန်မာဘက်ခြမ်းက ကလေးငယ်ရော၊ လူကြီးတွေပါ တုပ်ကွေး ကာကွယ်ဆေး လာရောက်ထိုးနှံနေကြတာ ဖြစ်ပါတယ်။

လက်တလောမှာတော့ မဲဆောက်အပြည်ပြည်ဆိုင်ရာဆေးရုံမှာ တရက်ကို လူ ၃၀၀ ကနေ ၆၀၀ အထိ လက်ခံထိုးပေးနေပြီး နောက်ပိုင်းမှာတော့ ကြိုတင်စာရင်းပေးသွင်းပြီး ကာကွယ်ဆေး ထိုးချင်သူတွေအတွက် အဆင်ပြေဖို့ လက်ခံနေပြီလို့ ဆိုပါတယ်။

ကာကွယ်ဆေးတလုံးကို ဘတ်ငွေ ၅၀၀ ဖြစ်ပြီး ကြိုတင်စာရင်းသွင်သူကိုလည်း တဦး ဘတ် ၅၀၀ နှုန်းနဲ့ လက်ခံနေတာလို့ ဆိုပါတယ်။

မြန်မာ-ထိုင်းနယ်စပ်မှာ မြ၀တီမြို့မှာ ရာသီတုပ်ကွေးရောဂါကြောင့် သေဆုံးသူ မရှိသေးပေမယ့် မြန်မာပြည်သူတွေအနေနဲ့ အိမ်နီးချင်း မဲဆောက်မြို့မှာ သွားရောက်ပြီး ကာကွယ်ဆေး ထိုးကြတာဖြစ်ပါတယ်။

maesot hospital1ဇူလိုင် ၃၁  ရက် မွန်းလွဲ ၂  နာရီအထိ A(H1N1) ရာသီတုပ်ကွေးရောဂါကြောင့် လူနာ ၂ ဦး ထပ်မံသေဆုံးခဲ့ကာ သေဆုံးသူ ၁၂ ဦးထိရှိပြီဖြစ်တာကြောင့် ရောဂါထိန်းချုပ်ရေး လမ်းညွှန်ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မနေ့ညပိုင်းက သတင်းထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013